ရွှေဘိုဆေးရုံအတွင်းသို့ ဗုံးသယ်ယူလာသူ ပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအတွင်းသို့ ယမန်နေ့က ဗုံးယူဆောင်လာသူ အမျိုးသမီးတစ်ဦး ဆေးရုံးအတွင်းသို့အရောက် ပေါက်ကွဲမှုဖြစ်၍ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ရွှေဘိုဆေးရုံဝန်းအတွင်းသို့ ဗုံးသယ်ဆောင်ပြီး ဝင်ရောက်လာစဉ် ဆေးရုံအတွင်းသို့အရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ နှစ်ယောက်လာတာ။ သူနဲ့အတူပါလာတဲ့ အမျိုးသားကတော့ ထွက်ပြေးသွားတယ်တော့ သိရတယ်။ ဗုံးက သူ့လက်ထဲမှာတင် ပေါက်သွားတဲ့ ပုံစံမျိုးပဲ။ ဒဏ်ရာလည်း ပြင်းထန် တယ်။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသမီး၏ လက်နှစ်ဖက်တွင် ပြတ်ရှဒဏ်ရာများနှင့် ခန္ဓာကိုယ်၌ မီးလောင်ဒဏ်ရာများရရှိခဲ့သည်။ ဆေးရုံအတွင်းရှိ ပြတင်းပေါက်မှန်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူအား ရွှေဘိုဆေးရုံတွင် ဆေးကုသပေးလျက်ရှိကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရွှေဘိုဆေးရုံအတွင်းသို့ ဗုံးသယ်ယူလာသူ ပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.