​ရွှေပြည်သာမြို့နယ်တွင် နာ​ရေးအိမ်၌ ဓားပြတိုက်မှုဖြစ်ပွား

ရန်ကုန်၊ မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားတာဆုံအနီးရှိ အမှတ် (၂၇) ရပ်ကွက်၊ စမ်းချောင်းကြီးကွက်သစ် လမ်းသွယ် ၂၊ နာရေးအိမ်တစ်အိမ်တွင် မတ် ၂၂ ရက်၊ ည ၁၂ နာရီက ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ရက်ကွက်​နေပြည်သူတစ်ဦး၏ ​ပြောဆိုချက်အရ သိရသည်။

“ စမ်းချောင်းကြီးကွက်သစ် လမ်းသွယ် ၂ က နာရေးအိမ်တစ်အိမ်မှာ ဖဲဝိုင်းရှိတယ်။ ဓားပြတိုက်တဲ့လူတွေက အိမ်စီးကားနဲ့ဝင်လာတာ ခြောက်ယောက်လောက်ရှိမယ်။ ၂ လမ်းထိပ်မှာ ကင်းသမားတွေရှိတော့ ၁ လမ်းဘက်ကဝင်လာတယ်။ ငှက်ကြီးတောင်ဓားတွေကြီးပဲ ကိုင်လာကြတာတဲ့။ မျက်နှာတွေက အုပ်ထားကြတာရယ်။” ဟု ရပ်ကွက်နေပြည်သူတဦးက ပြောသည်။

အဆိုပါ ဓါးပြတိုက်ခံရသည့် နာ​ရေးအိမ်တွင် ဖဲရိုက်နေသူများထံမှ ငွေကျပ် ၁၅ သိန်း​ကျော် လုယက်ခံရ​ကြောင်း သိရသည်။

​ရွှေပြည်သာမြို့နယ်တွင် ဖုန်းနှင့် ပိုက်ဆံအိတ်များ ခရီးသွားပြည်သူများထံမှ မကြာခဏလုယက်ခံ​နေရ​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓါတ်ပုံ – Cj

​ရွှေပြည်သာမြို့နယ်တွင် နာ​ရေးအိမ်၌ ဓားပြတိုက်မှုဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.