ရွှေပြည်သာမြို့နယ်တွင် အမျိုးသမီးအဆောင်တစ်ခုမီးလောင် အမျိုးသမီးတစ်ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် အမျိုးသမီးအဆောင်တစ်ခု ဝါယာရှော့ဖြစ်ရာမှတဆင့် နေအိမ် ၁၅ လုံးခန့် မီးကူးစက်လောက်ကျွမ်းခဲ့ပြီး၊ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၇ ရက်၊ နံနက် ၄ နာရီ မိနစ် ၅၀ ခန့်က၊ ရွှေပြည်သာမြို့နယ် (၅) ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် အမျိုးသမီးအဆောင်တစ်ခု ဝါယာရှော့ဖြစ်ရာမှတဆင့် နေအိမ် ၁၅ လုံးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အမျိုးသမီးတစ်ဦးနှင် တိရိစ္ဆာန်တစ်ကောင် မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဒီမနက်က အမျိုးသမီးအဆောင်ကနေ ဝါယာရှော့ဖြစ်ပြီးမီးလောင်တာ။ အလုပ်သမားအဆောင်လို့တော့ပြောတယ်။ အဲ့အနီးအနားကနေအိမ်တော့ ခန့်မှန်းချေ ၁၅ လုံးလောက်တော့ မီးကူးပြီးလောင်တာ။ အမျိုးသမီးတစ်ဦးနဲ့ ခွေးလေးတစ်ကောင်တော့ သေဆုံးသွားတယ်။” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ မီးလောင်မှုသည် နံနက် ၄ နာရီ မိနစ် ၅၀ ခန့်က စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၆ နာရီ ၁၉ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- တွဲလက်လူမှုကူညီရေးအသင်း

#ယနေ့ခေတ်

ရွှေပြည်သာမြို့နယ်တွင် အမျိုးသမီးအဆောင်တစ်ခုမီးလောင် အမျိုးသမီးတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.