ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသားလေးဦးက ဖမ်းဆီးခေါ်ဆောင် သွား

ရန်ကုန်၊ မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင်နေထိုင်သည့် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသားလေးဦးက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်အုပ် ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါအမျိုးသမီးသည် ရွှေဆိုင်ဖွင့်ရန် အိမ်မှထွက်လာစဉ် လမ်းထိပ်အရောက် အာရာဖတ်အမျိုးအစား မော်တော်ယာဉ်တစ်စီးပေါ်မှ လူလေးဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း သိရသည်။

“ အဲဒီအမျိုးသမီးက အိမ်မှာတစ်ယောက်ထဲနေတာ။ နေတာက ထူပါရုံ ၂၂ လမ်းမှာ။ ရွှေဆိုင်က (၁)ဈေးမှာဖွင့်တာ။ ရွှေဘယ်လောက်ပါသွားလဲဆိုတာတော့ မသိဘူး။ အခုတော့ လိုက်ရှာနေကြတယ်” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

ထိုအမျိုးသမီးသည် သာကေတမြို့နယ်၊ အမှတ် (၁) စျေးတွင် လင်းလက်ရွှေစင်အမည်ရှိ ရွှေဆိုင်ကိုဖွင့်လှစ်ထားပြီး ဆိုင်သိမ်းချိန် ရွှေထည်များကို နေ့စဉ် နေအိမ်သို့ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများက စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – လူမှုကွန်ရက်

#ယနေ့ခေတ်

ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသားလေးဦးက ဖမ်းဆီးခေါ်ဆောင် သွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.