ရန်ကုန်၊ မတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး၊ စကုမြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လာရောက်ဖူးမြှော်သူ နည်းပါးနေသေးကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။
ဖေဖော်ဝါရီ ၂ ရက်မှစတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါဘုရားပွဲတော်သို့ ဘုရားဖူးဧည့်သည်များအနေဖြင့် စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြှော်နိုင်ကြောင်းလည်း ရွှေစက်တော်ဂေါပက ဥက္ကဌက ဆိုသည်။
“ ဘုရားဖူးကတော့ နည်းနေသေးတယ်။ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြှော်လို့ရပါတယ်။ ညအိပ်တည်းခိုလို့လည်းရပါတယ်။ လုံခြုံရေးအတွက်လည်း စိတ်ပူးရာမလိုပါဘူး” ဟု ရွှေစက်တော်ဂေါပက ဥက္ကဌက ယနေ့ခေတ်သို့ ပြောသည်။
ရွှေစက်တော်ဘုရားသည် မင်းဘူးမြို့အနောက်တောင်ဘက် ၂၆ မိုင်ခန့်အကွာ စကုမြို့၏ အနောက်တောင်ဘက် ၁၆ မိုင်အကွာ အနောက်ရိုးမအရှေ့ဘက်ဆုံး တောင်စွယ်ပေါ်တွင်တည်ရှိကာ မင်းဘူး၊ စကုမြို့များမှ ကားလမ်းဖြင့်သွားနိုင်ပြီး ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ ကျင်းပလေ့ရှိသည်။
ယခုနှစ်တွင် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်၊ လူနေတည်းခိုဆောင် ၈၀၀ ခန့် ဆောက်လုပ်ပေးထားပြီး ဘုရားဖူးများကို ညအိပ်တည်းခိုခွင့်ပေးထားကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – google
#ယနေ့ခေတ်
ရွှေစက်တော်ဘုရားပွဲသို့ လာရောက်သူနည်းပါးနေသေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်