ဒက္ကာ၊ ဇန်နဝါရီ ၈
ဘင်္ဂလားဒေ့ရှ့်ဝန်ကြီး ချုပ်ရှိတ်ဟာစီနာသည် ဇန်နဝါရီ ၇ ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဘင်္ဂလားဒေရှ့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ငါးကြိမ်မြောက် တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲကို ဘင်္ဂလားဒေရှ့်အတိုက်ခံပါတီများ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိပဲ သပိတ်မှောက်ထားသည့်အတွက် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ဦးဆောင်သော အေဝါမိလိဂ် ပါတီ က အခက်ခဲမရှိ အနိုင်ရသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ့်နိုင်ငံ၏ အဓိကအတိုက်ခံပါတီဖြစ်သည့် (BNP) ပါတီနှင့် အခြားပါတီများက ရှိတ်ဟာစီနာ ဦးဆောင်သော အစိုးရအဖွဲ့သည် ပြီးခဲ့သောရွေးကောက်ပွဲတွင် မဲမသမာမှု များလုပ်ဆောင်ခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲကို အယုံကြည်မရှိကြောင်း၊ ရှိတ်ဟာစီနာ ဦးဆောင်သော အာဏာရပါတီခေါင်းဆောင်များ အစိုးရအဖွဲ့မှ နုတ်ထွက်ပြီး၊ ကြားဖြတ်အစိုးရအဖွဲ့က ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ့်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် အတိုက်ခံအုပ်စု၏ တောင်းဆိုချက်များကို ငြင်းဆန်ပယ်ချကာ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲကျင်းပပြီးနောက် မဲရေတွက်ခဲ့ရာ လွှတ်တော်မဲဆန္ဒနယ် ၂၂၅ နေရာကို မဲရေတွက်ပြီးချိန်တွင် အေဝါမီလိဂ်ပါတီက ၁၇၂ နေရာတွင် အနိုင်ရထားကြောင်း သိရသည်။
ရွေးကောက်ပွဲအတွင် ဘင်္ဂလားဒေရှ့်ပါတီများသည် လွှတ်တော်မဲဆန္ဒနယ် ၃၀၀ အတွက် အဓိကထားယှဉ်ပြိုင်ခဲ့ပြီး အာဏာရ အေဝါမီလိဂ်ပါတီက အခြားပါတီငယ်များနှင့် ပူးပေါင်း ပြီး အာဏာခွဲဝေယူဖွယ်ရှိနေသည်။
အသက် ၇၆ နှစ်အရွယ်ရှိ ရှိတ်ဟာစီနာသည် ဘင်္ဂလားဒေရှ့်နိုင်ငံသမိုင်းတွင် ဝန်ကြီးချုပ်တာဝန်ကို သက်တမ်းအရှည်ကြာဆုံး တာဝန်ယူနိုင်သူဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
theguardian.com
#ယနေ့ခေတ်
ရွေးကောက်ပွဲတွင် အေဝါမီလိဂ်ပါတီအနိုင်ရပြီးနောက် ရှိတ်ဟာစီနာ ဝန်ကြီးချုပ်အဖြစ် ငါးကြိမ်မြောက် တာဝန်ယူခွင့်ရမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်