ရောဝတီတိုင်းတွင် စားအုန်းဆီတစ်ပိသာလျင် ၁၅,၅၀၀ ကျပ်အထိ ဈေးပြန်တက်လာ

ပုသိမ် ၊ ဇွန် ၂၄

ဧရာဝတီတိုင်း စားသောက်ကုန်ဈေးကွက်တွင် စားအုန်းဆီတစ်ပိသာလျင် ငွေကျပ် ၁၅,၅၀၀ အထိ ဈေးပြန်တက်လာကြောင်း ဧရာဝတီတိုင်းရှိ စားသောက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်လုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သောဧပြီလနှင့် မေလအတွင်းက စားအုန်းဆီတစ်ပိသာလျှင် ငွေကျပ် ၈,၅၀၀ မှ ၉,၀၀၀ အထိရှိခဲ့ပြီး၊ လက်ရှိ ဇွန်လ ၁ ရက်မှ ယနေ့အထိ စားအုန်းဆီတစ်တစ်ပိသာလျင် ငွေကျပ် ၁၅,၅၀၀ အထိ ဈေးတက်လာကြောင်း၊ ထို့သို့ စားအုန်းဆီဈေးထိုးတက်လာခြင်းသည် ပြည်ပမှစာအုန်းဆီတင်သွင်းသည့်ကုမ္မဏီများ ဆီတင်သွင်းမှုလျော့ ကျလာခြင်းကြောင့်ဖြစ်ကြောင်း စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခုလ ပထမအပတ်ကနေစတင်ပြီး ဒီနေ့အထိ ပြည်ပတင်သွင်းကုန်တစ်ခုဖြစ်တဲ့ စားအုန်းဆီတွေ ဈေးပြန်တက်လာတယ်။ ပြည်ပတင်သွင်းကုန်စည်ဖြစ်တော့ အချို့ကုမ္မဏီတွေက ရပ်လာတာရယ်၊ အချို့ကလည်း တင်သွင်းစရိတ်များလာတာကြောင့် ဆီကိုလျာ့သွင်းလာတာတွေကြောင့်လို့ ဆီတင်သွင်းတဲ့ကုမ္မဏီတွေဆီက သိရတယ်။” ဟု ၎င်းကဆက်ပြော သည်။

ဧရာဝတီတိုင်းတွင် စားအုန်းဆီဈေး အဆမတန်ထိုးတက်လာမှုကြောင့် ဆီကိုအဓိကအသုံးပြုလုပ်ကိုင်ရသည့် အသေးစားလုပ်ငန်းရှင်များ၊ အခြေခံလူတန်းစားများ အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ခန့်ခန့်

ဓာတ်ပုံ – ကျော်ထက်

ယနေ့ခေတ်

ရောဝတီတိုင်းတွင် စားအုန်းဆီတစ်ပိသာလျင် ၁၅,၅၀၀ ကျပ်အထိ ဈေးပြန်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.