ရောဘတ် စစ်​ရှောင်စခန်းတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် သက်ကြီးဘိုးဘွားများ စားနပ်ရိက္ခာအကူအညီ လိုအပ်​နေ

ဗန်းမော်၊ နိုဝင်ဘာ ၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရောဘတ် စစ်ရှောင်စခန်းတွင် ကိုယ်အင်္ဂါ မသန်စွမ်းသူ ၈၀ ​ကျော်နှင့် သက်ကြီးဘိုးဘွားများ စားနပ်ရိက္ခာအကူအညီများ လိုအပ်​နေ​ကြောင်း ​ရောဘတ် စစ်ရှောင်စခန်းမှ ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ​ရောဘတ်စစ်​ရှောင်စခန်းမှာက မသန်စွမ်းသူ ၈၀ ​ကျော်နဲ့ သက်ကြီးဘိုးဘွားများ စားနပ်ရိက္ခာအကူအညီလိုအပ်ပါတယ်။ မသန်စွမ်းသူများက အမြင်အာရုံ မသန်စွမ်းသူနဲ့ အကြား အာရုံ မသန်စွမ်းအပြင်၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများ ဖြစ်ပါတယ်။ သက်ကြီးဘိုးဘွားအများအစုက အသက် ၇၀ ​ကျော်​တွေဖြစ်ပါတယ်။” ဟု ရောဘတ်စစ်ရှောင်စခန်းက ကိုယ် အင်္ဂါ မသန်စွမ်းသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် စားနပ်ရိက္ခာအပြင် မသန်စွမ်းအ​​ထောက်အကူပြုပစ္စည်းများနှင့် အဝတ်အထည်များ အကူအညီတွေ လိုအပ်နေ​ကြောင်း ရောဘတ် စစ်ရှောင် စခန်းမှ ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

လက်ရှိ ​ရောဘတ် စစ်​ရှောင်စခန်းတွင် ကိုယ်အင်္ဂါ မသန်စွမ်းသူများတွင် အသက် ၁၀ နှစ်မှ အသက် ၆၀ ​ကျော် စုစု​ပေါင်း ၈၃ ဦးရှိပြီး၊ ကိုယ်အင်္ဂါ မသန်စွမ်း ကလေးငယ်အချို့သည် ပညာသင်ကြားမှုတစ်ပိုင်းတစဖြင့် ရပ်တန့်ခဲ့ရသူများရှိခဲ့​ကြောင်း သိရသည်။

​ရောဘတ် စစ်ရှောင်စခန်းတွင် ကိုယ်မသန်စွမ်းသူများ၊ အမြင်အာရုံ မသန်စွမ်းသူများ၊ အကြားအာရုံ မသန်စွမ်းသူများ၊ ဉာဏ်ရည်ချို့ယွင်းသူပါဝင်ခဲ့ပြီး အိမ်​ထောင်စု ၅၆၂ စုနှင့် လူဦးရေ ၃၃၁၀ ဦးရှိခဲ့​ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

ရောဘတ် စစ်​ရှောင်စခန်းတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် သက်ကြီးဘိုးဘွားများ စားနပ်ရိက္ခာအကူအညီ လိုအပ်​နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.