ရေမြို့နယ်တွင် ချေးငွေဝန်ထမ်းအမျိုးသမီး ငွေများလုယက်ခံရပြီး ဒဏ်ရာရရှိ

ရေး၊ စက်တင်ဘာ ၂၀

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ချေးငွေဝန်ထမ်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်မောင်းကာ ချေးငွေသိမ်းဆည်းပြီး ပြန်လာချိန် ဆိုင်ကယ်အား ခြေဖြင့်ကန်ကာ ငွေများလုယက်ခံခဲ့ရပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက်၊ ညနေ ၃ နာရီကျော်က ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ရေး-အစင်သွားလမ်း၊ မီးရထားလမ်းအကျော်၊ ဆန်းမြတ်ထွန်း တည်းခိုခန်းအနီးတွင် ငွေများ သိမ်းဆည်းပြီး ပြန်လာသည့် ချေးငွေဝန်ထမ်း အမျိုးသမီးမောင်းလာသော ဆိုင်ကယ်အား အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးက ခြေဖြင့်ကန်ကာ ဆိုင်ကယ်လဲကျသွားစဉ် လုယက် မောင်းပြေးသွားခဲ့ကြောင်း သိရသည်။

လုယက်ခံရသည့် ချေးငွေဝန်ထမ်း အမျိုးသမီးသည် အစင်ကျေးရွာမှ အသက် ၂၆ နှစ်အရွယ် မဇင်မာဝင်းဖြစ်ကြောင်း၊ ၎င်းသည် ဝဲဘက်လက်ဖျံ အရိုးအက်ဒဏ်ရာနှင့် ပြင်ပထိ ခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ချေးငွေ ၁၀ သိန်းကျော်ပါ လုယက်ခံလိုက်ရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“သူကချေးငွေ ဝန်ထမ်းလို့သိရတယ်။ ချေးငွေတွေစုပြီး ပြန်လာတဲ့လမ်းမှာ ဖြစ်တာ။ အမျိုးသား ၂ ယောက်က ဆိုင်ကယ်ကိုကန်လိုက်ပြီး လုယက်သွားတာတဲ့ အသက်တော့ မ သေပါဘူး။ ဒဏ်ရာတွေ မနည်းရသွားတယ်။ ဆိုင်ကယ်က တနေရာ၊ လူက တနေရာဖြစ်သွားပြီး ပိုက်ဆံအိတ်ကိုလုယူပြီး ဆိုင်ကယ်မောင်းပြေးသွားတာလို့ သိရတယ်။” ဟု အ ထက်ပါပုဂ္ဂိုလ်က ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ လိုက်လံစုံစမ်းစစ်ဆေးလျက်ရှိပြီး ဒဏ်ရာရရှိသူအမျိုးသမီးအား ရေးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ အောင်မင်္ဂလာ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

Photo – Kyaw Min

ရေမြို့နယ်တွင် ချေးငွေဝန်ထမ်းအမျိုးသမီး ငွေများလုယက်ခံရပြီး ဒဏ်ရာရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.