ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများ အမ်းမြို့၌ပိတ်မိနေ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် နယ်ခြားစောင့်ဂိတ်များ ပိတ်လိုက်သဖြင့် အမ်းမြို့အတွင်း၌ ရေထွက်ကုန်နှင့် လယ်ယာထွက် ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ကုန်တင်ယာဉ်များ ပိတ်မိနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်းမှ သိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုကမ်း ( မယူ ကမ်း)ရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းများကို ရက္ခိုင့်တပ်တော် (AA) မှ ဝင်ရောက်တိုက် ခိုက်ပြီး နောက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

ယင်းသို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရေလမ်းကြောင်းအပါအဝင် ကုန်းလမ်းကြောင်းကိုပါ ပိတ်ထားသည့်အတွက် လမ်းတွင်ပိတ်မိနေသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ် များစွာရှိနေကြောင်း သိရသည်။

“ ပြည်တွင်းစားသုံးဖို့အတွက် တင်သွင်းလာတဲ့ ကားတွေရော၊ ဟိုဘက်ကိုပို့တဲ့ ကားတွေရောက အကုန်ပိတ်ကုန်တာ။ အခြေခံစားသောက်ကုန်တွေအပါအဝင် ငါးမြစ်ချင်းကားတွေ လည်း ပိတ်မိကုန်တာပေါ့။ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်‌ပြီဆိုကတည်းက စီးပွားရေး၊ လူမှုရေး အကုန်ထိခိုက်တာပေါ့။ အဓိကစက်သုံးဆီပြတ်သွားမှာ စိုးရတယ်။ လမ်းတွေပိတ်ထား တော့ ရန်ကုန်ကနေ မလာနိုင်မှာ စိုးရတယ်။” ဟု ရခိုင်ပြည်နယ်၊ ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လမ်းကြောင်းပိတ်ဆို့မှု ကြာမြင့်လာပါက စစ်တွေနှင့် မောင်တောကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည့် ကုန်စည်များ အခက်အခဲဖြစ်လာနိုင် ကြောင်း ကုန်သည်များထံမှ သိရသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ လက်ရှိအချိန်အထိ ပိတ်ထားရဆဲဖြစ် ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ- AA(ပုံဟောင်း)

Photo Credit: Kaung Mrat Naing

#ယနေ့ခေတ်

ရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများ အမ်းမြို့၌ပိတ်မိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.