ရေစကြိုမြို့၌ သက်တော် ၇၃ နှစ်အရွယ် သံဃာတစ်ပါး သတ်ခံရ

ရေစကြို၊ စက်တင်ဘာ ၁၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးရွာ၌ သက်တော် ၇၃ နှစ်အရွယ်ရှိ သံဃာတစ်ပါး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၇ ရက်၊ ည ၁၁ နာရီအချိန်ခန့်က အမည်မသိလူတစ်စုက ကိုင်းမကြီးရွာ၊ ရွာဦးဘုန်းကြီးကျောင်းသို့ လာရောက်ကာ ကျောင်းထိုင်ဆရာတော် ဦးကုမာရအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ကိုင်းမကြီးရွာ ပတ်ဝန်းကျင်ရှိ ဆင်ချောင်းဆည်အနီး၌ ဓားနှင့် သေနတ်များအား အသုံးပြုပြီး သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ အသတ်ခံရ သည့် ဆရာတော်၏ ရုပ်အလောင်းအား စက်တင်ဘာ ၁၈ ရက်၊ ယနေ့ မနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ဖမ်းဆီးခေါ်ဆောင်ပြီးတော့မှ ဆရာတော်က အသတ်ခံရတာ။ လည်ပင်းမှာတော့ ပြတ်ရှဒဏ်ရာတွေရှိတယ်။ ရုပ်အလောင်းကို အခုမနက်မှတွေ့တာ။” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

သတ်ဖြတ်ခံရသည့် ကိုင်းမကြီးရွာဦးကျောင်း ဆရာတော် ဦးကုမာရသည် ပျံလွန်တော်မူချိန်တွင် အသက်တော်သည် ၇၃ နှစ်နှင့် ဝါတော် ၅၃ ဝါရှိကြောင်း သိရသည်။

လက်ရှိ (နစက)အစိုးရလက်ထက် (၂)နှစ်ခွဲကျော်ကာလအတွင်း၌ သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ရဟန်းသံဃာတော် ၈၄ ပါးအထိ ရှိလာပြီဖြစ်ကြောင်း သတင်းမှတ် တမ်းများအရ သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ရေစကြိုမြို့၌ သက်တော် ၇၃ နှစ်အရွယ် သံဃာတစ်ပါး သတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.