ရေစကြို၊ အောက်တိုဘာ ၂၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာနှင့် ပေါက်ကူကျေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်က အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး နေအိမ်အလုံး ၅၀ ဝန်း ကျင် မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“ သတ်ဖြတ်ခံရသူတွေက ကျီးကန်နဲ့ တောင်အိုရွာက အသက် ၆၄ နှစ်အရွယ် ဦးဟန်တင်နဲ့ အသက် ၃၄ နှစ်အရွယ် ကိုစိုးနိုင်ဦးတို့ ဖြစ်ပါတယ်။ သူတို့ ရဲ့ရုပ်အလောင်းတွေကို ဒဏ်ရာဗလပွနဲ့ ပေါက်ကူရွာမှာ မနေ့ ၁၁ နာရီလောက်တွေ့တာ။ မနေ့ကပဲ ပေါက်ကူကျေးရွာနဲ့ ကမ္ဘဲ့ကျေးရွာမှာ နေအိမ်အလုံး ၅၀ လောက် မီးရှို့ခံရသေးတယ်။ လူသေ၊ ဘဝပျက် ကိုလုပ်နေတာ။ ဘယ်သူတွေက လူသတ်၊ နေအိမ်တွေ မီးရှို့နေတာလဲမသိဘူး။ ထုတ်ပြန်ချက်ကျရင်တော့ အပြိုင်ဘဲ။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
အဆိုပါ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံထားရသည့်နေရာနှင့် မီးရှို့ခံရသည့် ကျေးရွာများအနီးတွင် တပ်နှင့် PDF များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရ သည်။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အရာတော်အုပ်စု၊ သရက်တစ်ပင်ကျေးရွာ၌ စက်တင်ဘာ ၁၈ ရက်ကလည်း လှဝေဆိုသူ အမျိုးသားတစ်ဦး အမည်မသိ သေနတ်သမားများက သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသေးကြောင်း သိရသည်။
ဝဏ္ဏ
ရေစကြိုမြို့နယ်၌ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၅၀ နီးပါး မီးရှို့ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်