ရေကျော်ပွဲဈေး နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကျင်းပမည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပုဇွန်တောင်မြို့နယ်၊ ရေကျော်ပွဲဈေးကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကျင်းပသွားရန် ပြင်ဆင်နေကြောင်း ရပ်ကွက်တွင်းနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါပွဲဈေး ပြန်လည်ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကွက်လူကြီးများက ‌ဆွေးနွေးမှုများပြုလုပ်နေပြီး ပွဲဈေးတန်းအတွက် ဆိုင်ခန်းနေရာများကိုလည်း ကြိုတင်ငှားရမ်းမှုများရှိနေကြောင်း သိရသည်။

“ ၁၉ ရက်နေ့မှာ ပြန်လုပ်မယ်တဲ့။ အခုတော့ လမ်းမပေါ်မှာ ဆိုင်ခန်းတွေအတွက် ထုံးသုတ်ပြီး နေရာချထားပြီးပြီ။ ပုံမှန်ကတော့ သီတင်းကျွတ်မှာလုပ်နေတာပါ။ အခု ဒီနှစ်ကျမှ ကြားရက်ကြီးမှာထလုပ်တာ။” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရေကျော်ပွဲဈေးကို နှစ်စဉ်သီတင်းကျွတ်ကာလတွင် ကျင်းပလေ့ရှိပြီး လည်ပတ်သူများဖြင့် အလွန်စည်ကားသည့်ပွဲဈေးဖြစ်သည်။

ရေကျော်ပွဲဈေးကို ကိုဗစ်ကာလမတိုင်ခင် ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး၊ လေးနှစ်အကြာတွင် ပြန်လည်ကျင်းပရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

#စုစု
ဓာတ်ပုံ – Golden Myanmar Bedsheets

#ယနေ့ခေတ်

ရေကျော်ပွဲဈေး နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပြန်လည်ကျင်းပမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.