ရုရှား ထိပ်တန်းဗိုလ်ချုပ်ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိ ဟုဆို

မော်စကို၊ ဒီဇင်ဘာ ၁၈

ရုရှားလုံခြုံရေးအဖွဲ့သည် ရုရှားဗိုလ်ချုပ်ကြီး အိုင်ဂေါ လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး အသက် ၂၉ နှစ်အရွယ်ရှိ ဥဇဘက်ကစ္စတန်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း ရုရှားနိုင်ငံ၏ ရေဒီယိုဒြပ်သတ္တိကြွ၊မှုအပြင် ဓါတုနှင့် ဇီ၀ကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနှင့်အတူ ၎င်း၏တပည့်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ရုရှားဗိုလ်ချုပ်ကြီး လုပ်ကြံခံရခြင်းနောက်ကွယ်တွင် ယူကရိန်းနိုင်ငံ ပါဝင်ဆက်နွယ်နေပြီး ယူကရိန်းလုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ (SBU) အဖွဲ့က ပစ်မှတ်ထားလုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

ရုရှားသမ္မတဟောင်း မက်ဗီဒက်ကလည်း ဗုံးပေါက်ကွဲကာ ရုရှားဗိုလ်ချုပ်ကြီး လုပ်ကြံခံရခြင်းနောက်ကွယ်တွင် ယူကရိန်းနိုင်ငံပါဝင်နေကြောင်း ပြောသည်။

ရုရှားစုံစမ်းရေးကော်မတီက “ ၁၉၉၅ ခုနှစ်မှာမွေးဖွားတဲ့ ဥဇဘက်ကစ္စတန်နိုင်ငံသားကို ရုရှားဗိုလ်ချုပ်ကြီးနဲ့ သူရဲ့လက်ထောက်ဖြစ်သူတို့ သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့အတွက် ဖမ်းဆီးလိုက်တယ်။ အဲဒီ ဥဇဘက်ကစ္စတန်နိုင်ငံသားဟာ ယူကရိန်းအထူးတပ်ဖွဲ့ရဲ့ လူသစ်စုဆောင်းခြင်းခံခဲ့ရသူဖြစ်တယ်။” ဟု ပြောသည်။

ရုရှားဗိုလ်ချုပ်ကြီးနှင့် လက်ထောက်ဖြစ်သူတို့သည် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် မော်စကိုမြို့ရှိ အဆောက်အဦးမှ လမ်းလျှောက်ထွက်ချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့် ရင်ဆိုင်ခဲ့ရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥဇဘက်ကစ္စတန်နိုင်ငံသားကို တိုက်ခိုက်မှုများလုပ်ဆောင်ရန် ရုရှားနိုင်ငံသို့ သွားရောက်ရန် ညွှန်ကြားခဲ့ပြီး တိုက်ခိုက်မှုအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းပေးမည်ဟု အာမခံကတိပြုထားသည့်အပြင် ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံတွင် အခြေကျနေထိုင်ခွင့်ပေးမည်ဟု ယူကရိန်းထောက်လှမ်းရေးအဖွဲ့က မက်လုံးပေးစည်းရုံးခဲ့သည်ဟု ရုရှားထောက် လှမ်းရေးအဖွဲ့က ပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com

ရုရှား ထိပ်တန်းဗိုလ်ချုပ်ကြီးအား လုပ်ကြံသတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.