ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈
ရုရှားအတိုက်ခံခေါင်းဆောင်တစ်ဦး အကျဉ်းထောင်ထဲတွင် သေဆုံးခြင်းနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ပူတင်နှင့် ရုရှား၏လက်အောက်ငယ်သားများကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရသည်။
ရုရှားအတိုက်ခံခေါင်းဆောင် Alexei Navalny သည် အကျဉ်းထောင်ထဲတွင် သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတက ရုရှားသမ္မတ ပူတင်ကို တိုက်ရိုက်ဝေဖန်ပြစ်တင်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ရုရှားအတိုက်ခံခေါင်းဆောင်သည် ရုရှားနိုင်ငံအတွင်းဖြစ်ပွားနေသည့် အကျင့်ပျက်လာဘ်စားမှုများနှင့် အစိုးရဆန့်ကျင့်ရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူဖြစ်သည်။
အမေရိကန်သမ္မတက “ အလွန်မင်းဒေါသဖြစ်ရတယ်။ ဒါဟာ ရုရှားသမ္မတပူတင်နဲ့ သူရဲ့လက်အောက်ငယ်သားတွေရဲ့ အမှားတွေကြောင့်ဖြစ်ရတယ်။ ရုရှားအတိုက်ခံခေါင်းဆောင်သေဆုံးမှုမှာ တာဝန်အရှိဆုံးက သမ္မတပူတင်ဖြစ်တယ်။ ရုရှားသမ္မတဟာ အမှားတွေကိုလုပ်ဆောင်ခဲ့တယ်။ ရုရှားအတိုက်ခံခေါင်းဆောင် အကျဉ်းထောင်အတွင်း သေဆုံးမှုဟာ သမ္မတပူတင်ရဲ့ ရက်စက်မှုတွေကို သက်သေပြနေတာဖြစ်တယ်။ ဘယ်သူမှမလှည့်စားသင့်ဘူး။” ဟု ပြောသည်။
အမေရိကန်သမ္မတသည် ရုရှားသမ္မတပူတင်ကို အာဏာရှင်အဖြစ် ဝေဖန်ပြစ်တင်ပြောဆိုခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
ရုရှားသမ္မတ ပူတင်သည် ၎င်းလုပ်ဆောင်ခဲ့သောအရာများအတွက် ဆိုးရွားသောအကျိုးဆက်များကို ပြန်လည်ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတက ဝေဖန်ပြစ်တင်ခဲ့သည်။
ရုရှားအတိုက်ခံခေါင်းဆောင်သည် အကျဉ်းထောင်အတွင်းသေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မည့်သို့သေဆုံးခဲ့သည်ဆိုသောအချက်ကို အတိအကျ သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ရုရှားအတိုက်ခံခေါင်းဆောင် သေဆုံးမှုအတွက် သမ္မတပူတင်ကို သမ္မတဂျိုးဘိုင်ဒန် ဝေဖန်ပြစ်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်