ရုရှားမပါလျှင် ယူကရိန်းစစ်ပွဲအတွက် နိုင်ငံတကာဆွေးနွေးပွဲများကို တရုတ်အစိုးရ ဆန့်ကျင့်ကန့်ကွက်မည် ဟုဆို

ဘေဂျင်း၊ မတ် ၂၁

တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်ယူကရိန်းစစ်ပွဲနှင့်ပတ်သတ်ပြီး ပြုလုပ်မည့် နိုင်ငံတကာငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရုရှားနိုင်ငံတက်ရောက်ခွင့်မရပါက ဆွေးနွေးပွဲကို ဆန့်ကျင်သပိတ်မှောက်သွားမည်ဖြစ်ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများက ပြောသည်။

ဂျာမနီအဓိပတိသည် လာမည့်လတွင် တရုတ်နိုင်ငံသို့ သွားရောက်ချိန်အတွင်း ယူကရိန်းစစ်ပွဲကို ဆွေးနွေးဖွယ်ရှိနေသည်။ ထိုအပြင်တရုတ်သမ္မတသည် မေလအစောပိုင်းတွင် ပြင်သစ်နိုင်ငံကိုသွားရောက်ကာ ပြင်သစ်သမ္မတမက်ခရွန်နှင့် တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

ဥရောပတိုက်ဆိုင်ရာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် လီဆိုသူက နိုင်ငံတကာဆွေးနွေးပွဲများတွင် ရုရှားနိုင်ငံမှကိုယ်စားလှယ်များ မပါဝင်ဘူးဆိုပါက အဆင်ပြေမည်မဟုတ်ကြောင်း ပြောသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံသည် ရုရှားကိုဖိအားပေးရန်၊ ဝေဖန်ပြစ်တင်ရန် ငြင်းဆန်ခဲ့ပြီး၊ သံတမန်ရေးအဆက်သွယ်များ၊ စီးပွားရေးအဆက်သွယ်များ ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

တရုတ်သည် ရုရှားနှင့် ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲ အဆုံးသတ်နိုင်ရန်အတွက် အချက် ၁၂ ချက်ပါသော အဆိုပြုကမ်းလှမ်းချက်ကို လုပ်ဆောင်ခဲ့သော်လည်း ယူကရိန်းဘက်က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများသည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် တောင်းဆိုနေသော်လည်း စစ်ပွဲကအဆုံးသတ်ခြင်းမရှိသေးဘဲ လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။

အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများကလည်း ယူကရိန်းကို စစ်ရေးအကူညီများ ထပ်မံကူညီပေးနိုင်ရန် စီစဉ်နေဆဲဖြစ်ရာ စစ်ပွဲအရှိန် ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်းသိရသည်။

ကောင်းထက်ငွေ

unn.ua/en/news

ရုရှားမပါလျှင် ယူကရိန်းစစ်ပွဲအတွက် နိုင်ငံတကာဆွေးနွေးပွဲများကို တရုတ်အစိုးရ ဆန့်ကျင့်ကန့်ကွက်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.