ဝါရှင်တန်၊ မတ် ၁
ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး နေတိုးနှင့် ရုရှားနိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ရုရှားပိုင်ဆိုင်ဆိုင်မှုများကို ဇွန်လအတွင်း နောက် ဆုံးထားသိမ်းယူရန် ပစ်မှတ်ထားနေကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများက ပြောသည်။
အမေရိကန်သမ္မတသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ပိုမိုကူညီပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ရုရှားပိုင်ဆိုင်မှုများကို အပြီးသိမ်းယူရန် ဂျီ ၇ အဖွဲ့ဝင်နိုင်ငံများကို တွန်းအားပေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က ယူကရိန်းကို စစ်ရေးအကူညီပေးနိုင်ရန်နှင့် ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးကို ကူညီထောက်ပံ့ပေးရန် ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူရန် အ ကြံပေးခဲ့ပြီး၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က အဆိုပါအစီစဉ်ကို ဆန့်ကျင့်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဥရောပသမဂ္ဂခေါင်းဆောင်များကြားတွင် ရုရှားပိုင်ဆိုင်မှုကို သိမ်းယူရေးနှင့်ပတ်သက်ပြီး အငြင်းပွားနေပြီး အချို့ နိုင်ငံများက ရုရှားပိုင်ဆိုင်မှုကို သိမ်းယူမည်လျှင် လက်တုံ့ပြန်ခံရ မည်ကို စိုးရိမ်နေသလို၊ ဥရောပတိုက် ထိခိုက်နစ်နာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
ရုရှားအစိုးရက ၎င်းတို့နိုင်ငံပိုင်ဆိုင်မှုများကို သိမ်းယူခြင်းသည် တရားမဝင်ဘဲ လက်တုံ့ပြန်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အစောပိုင်းက ပြန်လည်ခြိမ်းခြောက်ပြောဆိုထားသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူမည်ဆိုလျှင် ရုရှားကလည်း အလားတူပမာဏာအတိုင်း ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တန် ဆူလီယာနောဗ့်က ပြောသည်။
ရုရှားနှင့် ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော ဂျီ ၇ အဖွဲ့ဝင်နိုင်ငံများ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားကို ပစ်မှတ်ထားပိတ်ဆို့မှုအမျိုးမျိုးချ မှတ်ခဲ့ပြီး ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူရန်အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
en.pressbee.net
ရုရှားပိုင်ဆိုင်မှုများ သိမ်းယူရေးကို အရှိန်မြင့်လုပ်ဆောင်ရန် အမေရိကန်သမ္မတ စီစဉ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်