ရုရှားနိုင်ငံတွင်ကျင်းပမည့် စစ်ရေးဆိုင်ရာပွဲများကို နစကတာဝန်ရှိသူများ တက်ရောက်မည်ဟု ရုရှားစစ်တပ် ဆို

မော်စကို၊ ဧပြီ ၁

ရုရှားနှင့် မြန်မာနိုင်ငံတို့သည် ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ၅၀ ခန့်လုပ်ဆောင်ရန် စီစဉ်ထားရာ Ocean 2024 အမည်ရှိ မဟာဗျူဟာမြောက် စစ်ရေးပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာနိုင်ငံက လေ့လာသူအဖြစ်ပါဝင်နိုင်ရန် အတည်ပြုထားကြောင်း ရုရှားဗိုလ်ချုပ်ကြီး အလက်ဇန်ဒါ ဖိုမင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ပူးပေါင်းဆောင်ရွက်မည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအစီစဉ် ၅၀ ထဲတွင် စစ်ဘက်ခေါင်းဆောင်များ အပြန်အလှန်ချစ်ကြည်ရေးသွားရောက်မည့် အစီ အစဉ်များ၊ စစ်သားများလေ့ကျင့်သင်ကြားပေးမည့် အစီအစဉ်တို့ ပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။

ရုရှားနိုင်ငံတွင်ကျင်းပမည့် Main Naval Parade ပွဲ၊ 2024 International Army Games ပြိုင်ပွဲ၊ ARMY 2024 International Military-Technical Forum အပြင် (၁၂) ကြိမ်မြောက်ကျင်းပမည့် Moscow Conference on International Security အစည်းဝေးများကို မြန်မာစစ်တပ်ကိုယ်စားလှယ်အဖွဲ့များ ပူးပေါင်းပါဝင်တက်ရောက်ခြင်းကို တွေ့မြင်လိုကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

ရုရှားနှင့် မြန်မာနိုင်ငံတို့သည် အာဏာသိမ်းမှုဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ရာ နှစ်နိုင်ငံစလုံး၏ အစိုးရအဖွဲ့တာဝန်ရှိသူများ ချစ်ကြည်ရေးခရီးစဉ်များ၊ အလုပ်သဘာခရီးစဉ်များ သွားရောက်ခဲ့ဖူးကြောင်း သိရသည်။

ကောင်းထက်ငွေ

thestar.com.my/aseanplus

ရုရှားနိုင်ငံတွင်ကျင်းပမည့် စစ်ရေးဆိုင်ရာပွဲများကို နစကတာဝန်ရှိသူများ တက်ရောက်မည်ဟု ရုရှားစစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.