ကိဗ်၊ မတ် ၈
ရုရှားတို့၏တိုက်ခိုက်မှုကြောင့် ဒွန်းနက်တွင် လူ ၂၀ ဦးသေဆုံးခဲ့ကြောင်း ဒွန်းနက်ဒေသဆိုင်ရာအကြီးအကဲက သောကြာနေ့ နံနက်ပိုင်းက ပြောကြားသည်။
“ ရုရှားက အရပ်သားတွေကိုသတ်တယ်” ဟု ဒွန်းနက်ဒေသဆိုင်ရာအကြီးအကဲ Vadym Filashkin က သောကြာနေ့ နံနက်ပိုင်းက ၎င်း၏ Telegram ပို့စ်တွင် ပြောကြားသည်။
ဒွန်းနက်ဒေသတွင် သောကြာနေ့က သေဆုံးသူအရေအတွက်မှာ ၂၀ ဦးအထိ မြင့်တက်လာပြီး၊ အခြား ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောသည်။
လတ်တလော ရုရှားထိန်းချုပ်မှုအောက်ရှိ Mariupol နှင့် Volnovakha တို့မှ ဒဏ်ရာရသူများမပါဝင်ကြောင်း ဒေသတွင်းအကြီးအကဲက ပြောကြားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားအပေါ် ကြီးမားသော ပိတ်ဆို့အရေးယူမှုများနှင့် အခွန်စည်းကြပ်မှုများကို ပြင်းပြင်းထန်ထန်ပြုလုပ်ရန် ထည့်သွင်းစဉ်းစားနေသည်ဟု ပြောကြားသည်။ ၎င်းက ယူကရိန်းကို စစ်မြေပြင်တွင် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။
ယူကရိန်းကို ထောက်လှမ်းရေးသတင်းမျှဝေခြင်းနှင့် စစ်ရေးအကူအညီပေးခြင်းကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်က ဆိုင်းငံ့ထားသည်။
Ref: BBC
#ယနေ့ခေတ်
ရုရှားတို့၏တိုက်ခိုက်မှုကြောင့် ဒွန်းနက်တွင် လူ ၂၀ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်