ရုရှားက ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖမ်းဝရမ်းထုတ်

ရုရှားအစိုးရသည် ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖမ်းဆီးရန်အလိုရှိသောစာရင်းထဲ ထည့်သွင်းလိုက်ကြောင်း ရုရှားအခြေစိုက် TASS သတင်းဌာနက ဖော်ပြထားသည်။

ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့သည် ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖမ်းဆီးရန်အလိုရှိသောစာရင်းထဲ ထည့်သွင်းခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း အသေးစိတ်အခြေနေများကို ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားသမ္မတ ပူတင်သည် နိုင်ငံတကာရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းထုတ်ခံရသူများစာရင်းတွင် ပါဝင်ကြောင်း သိရသည်။

ရုရှားသည် ယူကရိန်းနှင့် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ယူကရိန်းအစိုးရခေါင်းဆောင်များနှင့် ဥရောပတိုက်ရှိ နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရ သည်။

ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးဘဲ အပြန်အလှန်ဝေဖန်ပြစ်တင်ထားသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးသည် ရုရှားတပ်ဖွဲ့များသိမ်းပိုက်ထားသော နယ်မြေလေးခုကို ပြန်လည်သိမ်းယူရန် ကြိုးပမ်းနေပြီး၊ အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများထံမှ အကူညီများရယူနိုင်ရန် ကြိုးပမ်းနေသည်။

ရုရှားစစ်ထောက်လှမ်းရေးများသည် ယူကရိန်းနှင့် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ယူကရိန်းသမ္မတ ဇီလန်စကီးကိုလုပ်ကြံရန် ကြိုးပမ်းမှုများရှိနေခဲ့ကြောင်း သိရသည်။

ယူကရိန်းစစ်တပ်ကလည်း ရုရှားသမ္မတပူတင်ကိုလုပ်ကြံရန် ကြိုးပမ်းခြင်းများရှိခဲ့ကြောင်း သိရသည်။

ရုရှားအစိုးရက ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သောသူများစာရင်းတွင် သမ္မတဇီလန်စကီးအပြင် သမ္မတဟောင်း ပိုရိုချန်ကိုလည်းပါဝင်နေသလို ယူကရိန်း ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ Oleksandr Pavlyuk တို့ပါဝင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

apnews.com

ရုရှားက ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖမ်းဝရမ်းထုတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.