ရုရှားကို ဦးညွှတ်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သတိပေး

ဝါရှင်တန်၊ မတ် ၈

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံကို ဦးညွှတ်သွားမည်မဟုတ်ကြောင်း၊ ယူကရိန်းကို စစ်ရေးအကူညီပေးမည့်အစီစဉ်များကို ပိတ်ပင်ထားဆီးများမလုပ်ရန်လည်း ရီပတ်ဘလီကန်ပါတီကို တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတသည် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုများ ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ သမ္မတ ဘိုင်ဒန်က ပြောသည်။

အမေရိကန်သမ္မတက “ ကျွန်တော်အနေနဲ့ ရုရှားသမ္မတပူတင်ကို မက်ဆေ့ပေးလိုတယ်။ ကျွန်တော်တို့ဟာ ရုရှားကိုဦးညွှတ်မှာမဟုတ်ဘူး၊ ရုရှားနိုင်ငံနဲ့ ခပ်ဝေးဝေးမှာနေမှာမဟုတ် ဘူး။ ဒီအချက်ကို ရုရှားသမ္မတပူတင်အတွက် မက်ဆေ့ပေးလိုတယ်။ ယူကရိန်းကို တိုက်ခိုက်မှု ရုရှားသမ္မတပူတင် ရပ်တန့်ဖွယ်ရှိတယ်လို့ ပြောလာမယ်ဆိုရင် ကျွန်တော်ကတော့မဟုတ်ဘူးလို့ ပြောချင်တယ်။” ဟု ပြောသည်။

ထိုအပြင် အမေရိကန်သမ္မတက အနောက်အုပ်စုသည် ယူကရိန်းနိုင်ငံနှင့်အတူ ရပ်တည်ပြီး စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမည်ဆိုလျှင် ရုရှားသမ္မတ ပူတင်ကို ရပ်တန့်နိုင်ဖွယ်ရှိနေကြောင်း ပြောသည်။

ထိုအပြင် အမေရိကန်သမ္မတက ယူကရိန်းကို ကူညီထောက်ပံ့ပေးမည်ဖြစ်သော်လည်း အမေရိကန်စစ်သားများကို ယူကရိန်းသို့ စေလွှတ်မည်မဟုတ်ဘဲ ရုရှားနှင့်တိုက်ရိုက်စစ်ပွဲဖြစ်လာစေရန် ကြိုးပမ်းမှာမဟုတ်ကြောင်း ပြောသည်။

အမေရိကန်သည် ရုရှားနှင့်စစ်ပွဲဖြစ်ပွားနေသော ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၁ ဘီလျံ ကူညီထောက်ပံ့ပေးရန် စီစဉ်နေသော်လည်း ရီပတ်ဘလီကန်ပါတီ လွှတ်တော်အမတ်များက ငြင်းဆန်နေကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းကြားစစ်ပွဲသည် နှစ်နှစ်ကျော်ကြာလာနေပြီဖြစ်သည့်အတွက် နှစ်ဖက်စလုံးက စစ်လက်နက်ပစ္စည်းများ လိုအပ်ချက်မြင့်တက်နေပြီး အမေရိကန်နိုင်ငံမှအကူအညီများရယူနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ကောင်းထက်ငွေ

timesofindia.indiatimes.com

ရုရှားကို ဦးညွှတ်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.