ရုရှားကို ကူညီထောက်ပံ့ပေးမှုများအတွက် တရုတ်နိုင်ငံကို အပြစ်ပေးအရေးယူရမည်ဟု နေတိုးအဖွဲ့အကြီးအကဲ ဆို

ဘရပ်ဆဲလ်၊ ဇွန်၊ ၁၉

ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံကို ကူညီထောက်ပံ့ပေးခြင်းများအတွက် တရုတ်နိုင်ငံသည် ထိုက်တန်သောတန်ဖိုး ပြန်ပေးဆပ်ရမည်ဟု နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုတန်ဘတ်ချ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

နေတိုးအဖွဲ့က တရုတ်နိုင်ငံသည် ရုရှားကို မိုက်ခရိုအီလက်ထရောနစ်ပစ္စည်းများ ကူညီထောက်ပံ့ပေးပြီး စစ်ပွဲကိုမီးမွေးပေးနေကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

ဂျန်စတိုတန်ဘတ်ချ်က “ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်မှာဖြစ်ပွားတဲ့ အကြီးမားဆုံးလက်နက်ကိုင်ပဋိပက္ခမှာ တရုတ်နိုင်ငံက မီးထိုးပေးနေတယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ အနောက်အုပ်စုနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထိန်းသိမ်းလိုတယ်လို့ပြောတယ်။ ဒါပေမယ့် တရုတ်နိုင်ငံဟာ လက်ရှိလုပ်ဆောင်နေတဲ့လုပ်ရပ်တွေကို အပြောင်းအ လဲမလုပ်ဆောင်ဘူးဆိုရင် အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေဟာ တရုတ်နိုင်ငံကို အပြစ်ပေးရမယ်။” ဟု ပြောသည်။

နေတိုးအဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော ဂျန်စတိုတန်ဘတ်ချ်၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး နေတိုးမဟာမိတ်အဖွဲ့သည် တရုတ်နိုင်ငံကို ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။

ဂျန်စတိုတန်ဘတ်ချ်သည် တရုတ်နိုင်ငံအပြင် ရုရှားနိုင်ငံကိုကူညီပေးနေသော မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပြီး သတိပေးခဲ့ကြောင်း သိရသည်။

နေတိုးအုပ်စုသည် ယူကရိန်းနှင့်ရုရှားနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားကိုအသာစီးယူနိုင်ရန်အတွက် ပစ်မှတ်ထားပိတ်ဆို့မှုအမျိုးမျိုး ချမှတ်ခဲ့သလို ယူကရိန်းကို စစ်လက် နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခြင်းနှင့်ပတ်သက်ပြီး နေတိုးအုပ်စုကို ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။

bbc.com/news

ရုရှားကို ကူညီထောက်ပံ့ပေးမှုများအတွက် တရုတ်နိုင်ငံကို အပြစ်ပေးအရေးယူရမည်ဟု နေတိုးအဖွဲ့အကြီးအကဲ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.