ဝါရှင်တန်၊ မတ် ၉
မွတ်စလင်များ၏ ရာမာဒန်ကာလအတွင်း အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ခက်ခဲသွားခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုက်သည်။
အမေရိကန်သမ္မတအပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူများသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးကို ရာမာဒန်ကာလအတွင်း ရယူနိုင်မည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် မျှော်လင့်ခဲ့သော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်သဘောတူညီမှုမရနိုင်ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတက “ ရာမာဒန်ကာလ ရောက်ရှိလာခါနီးနေချိန်မှာ အစ္စရေးဟာ အရှေ့ဂျေရုဆလင်မြို့ကို ထိန်းချုပ်ထားပြီး အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်မိတယ်။” ဟုပြောသည်။
ဟားမက်စ်အဖွဲ့ကလည်း ၎င်းကိုအားပေးထောက်ခံသူများအားလုံး အရှေ့ဂျေရုဆလင်မြို့ရှိ Al-Aqsa ဗလီသို့ သွားရောက်ကြရန် တိုက်တွန်းတောင်းဆိုထားသည်။
ပြီးခဲ့သောနှစ်များအတွင်း Al-Aqsa ဗလီမှာ ရာမာဒန်ကာလကျင်းပခဲ့ချိန်တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူများပြန်လွှတ်ပေးရေးနှင့် ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့များ ပြန်ရုတ်သိမ်းရေးဆိုသော အချက်များနှင့်ပတ်သက်ပြီး နှစ်ဖက်သဘောတူညီမှုမရသည့်အတွက် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲကြောင့် ဂါဇာဒေသတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်နေသူအရေအတွက် ပိုမိုမြင့်တက်လာနေပြီး အမေရိကန်သမ္မတက အစ္စရေးဝန်ကြီးချုပ်ကို စိတ်ရှည်သည်းခံပေးရန် တောင်းဆိုနေကြောင်း သိရသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲအပစ်ခတ်ရပ်စဲနိုင်ရန်အတွက် အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့ ကြားဝင်စေ့စပ်ခဲ့သော်လည်း မျှော်လင့်သလောက်အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက စစ်ပွဲကို ယာယီအပစ်ခတ်ရပ်စဲရန် တောင်းဆိုခဲ့သော်လည်း နှစ်ဖက်သဘောတူညီမှုမရဘဲဖြစ်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ရာမာဒန်ကာလအတွင်း အစ္စရေးနှင့် ဟားမက်စ်ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ခက်ခဲနေဟု အမေရိကန်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်