ရာဖယ်မြို့တွင် ဟားမက်စ်နှင့် အစ္စရေးစစ်တပ်ကြား တိုက်ပွဲများအရှိန်မြင့်နေ

ရာဖယ်၊ မေ ၃၁

ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နိုင်ငံကြားဆက်သွယ်ထားသော စင်္ကြန်လမ်းကိုသိမ်းပိုက်လိုက်ပြီးနောက် ဟားမက်စ်နှင့် အစ္စရေးစစ်တပ်ကြား ရာဖယ်မြို့တွင် တိုက်ပွဲများပိုမိုအရှိန်မြင့်လာနေကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အစ္စရေးစစ်တပ်က ၎င်းတို့သည် မေလ ၃၀ ရက်နေ့တွင် အရှည် ၈ ဒသမ ၅ မိုင်ကျော်ရှိသော ဂါဇာ-အီဂျစ်နယ်စပ်ဒေသ Philadelphi စင်္ကြန်လမ်းကို သိမ်းပိုက်လိုက်ကြောင်း အ တည်ပြုပြောဆိုခဲ့ပြီးနောက် ရာဖယ်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုအရှိန် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးစစ်တပ်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့သည် အဆိုပါစင်္ကြန်လမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းများ မှောင်ခိုတင်သွင်းခြင်းကို လုပ်ဆောင်နေကြောင်း ပြောသည်။

အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဒန်နီရယ်ဟာဂါရီက အဆိုပါစင်္ကြန်လမ်းကို သိမ်းပိုက်လိုက်ပြီးနောက် မြေအောက်ဥမင်လိုဏ်ခေါင်း ၂၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ပြောသည်။

အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက သေဆုံးသူများနှင့် နေရပ်စွန့်ခွာရသူအရေအတွက် ပိုမိုမြင့်တက်လာနေခြင်းကြောင့် ရာဖယ်မြို့ကို ထိုးစစ်ဆင်မတိုက်ခိုက်ရန်တောင်းဆိုခဲ့သော်လည်း အစ္စရေးစစ်တပ်က ဟားမက်စ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် မေလအစောပိုင်းတွင် ရာဖယ်မြို့ကိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ရာဖယ်မြို့တွင် ဟားမက်စ်နှင့် အစ္စရေးစစ်တပ်ကြား တိုက်ပွဲများအရှိန်မြင့်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.