ရာဖယ်မြို့ကို ထိုးစစ်ဆင်မည်ဖြစ်သည့်အတွက် ဒေသခံများအမြန်ဆုံးထွက်ခွာရန် အစ္စရေးစစ်တပ် သတိပေး

တဲလ်အဗစ်၊ မေ ၆

အစ္စရေးနိုင်ငံသည် အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ဟန့်တားမှုများရှိနေသော်လည်း ဂါဇာဒေသရှိ ရာဖယ်မြို့ကို ထိုးစစ်တိုက်ခိုက်ရန် စီစဉ်နေရာ ရာဖယ်မြို့အ တွင်းမှပြည်သူများကို ဘေးလွှတ်ရာကိုရွှေ့ပြောင်းရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

အစ္စရေးစစ်တပ်သည် ရာဖယ်မြို့အတွင်းမှပြည်သူများ အမြန်ဆုံးထွက်ရန် လက်ကမ်းစာစောင်များဝေငှခဲ့သလို လူမူကွန်ရက်မှတဆင့် တိုက်တွန်းတောင်းဆိုခြင်းများလည်းလုပ် ဆောင်ခဲ့ကြောင်း သိရသည်။

ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အစ္စရေးအစိုးရက ခွင့်ပြုပြီးချိန်တွင် ရာဖယ်မြို့ကို စီစဉ်ထားသည့်အတိုင်း ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည့် အစ္စရေးအစိုးရ၏အစီအစဉ်ကို ရပ်တန့်ထားရန် အမေရိကန်နိုင်ငံအပြင် နိုင်ငံတကာအဖွဲ့စည်းများက တိုက်တွန်းတောင်းဆိုနေကြောင်း သိရ သည်။

သို့သော်လည်း အစ္စရေးစစ်တပ်က ရာဖယ်မြို့ကိုတိုက်ခိုက်ခြင်းသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောသည်။

ရာဖယ်မြို့ဘက်ခြမ်းမှ ဒုံးကျည်များ၊ ရော့ကဒ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြောသည်။

အစ္စရေးစစ်တပ်က ၎င်းတို့အနေဖြင့် ရာဖယ်မြို့ကို သိမ်းယူနိုင်ခြင်းမျိုးမရှိဘူးဆိုလျှင် ဟားမက်စ်လက်နက်ကိုင်အုပ်စုအပေါ် အနိုင်ရရှိရန်မဖြစ်နိုင်ကြောင်း ပြောသည်။

အစ္စရေးစစ်တပ်အနေဖြင့် ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဆိုလျှင် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာပြီး၊ နေရပ်စွန့်ခွာသူအရေအတွက် ပိုမိုများပြားလာမည်ကို အ နောက်အုပ်စုနိုင်ငံများနှင့် အီဂျစ်နိုင်ငံတို့က စိုးရိမ်နေကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲက အချိန် ၇ လကျော်ကြာမြင့်နေပြီး အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com/news

ရာဖယ်မြို့ကို ထိုးစစ်ဆင်မည်ဖြစ်သည့်အတွက် ဒေသခံများအမြန်ဆုံးထွက်ခွာရန် အစ္စရေးစစ်တပ် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.