အဇာဘိုင်ဂျန်၊ မေ ၂၀
အီရန်သမ္မတ အီဘရာဟင် ရိုင်စီသည် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်းကြောင့် မေလ ၂၀ ရက်၊ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အီရန်သမ္မတ အပါအဝင် အီရန်အစိုးရအဖွဲ့ အကြီးတန်းအရာရှိကြီးများလိုက်ပါလာသော ရဟတ်ယာဉ်သည် အီရန်နိုင်ငံအရှေ့ဘက်ခြမ်းရှိ အဇာဘိုင်ဂျန်ဒေသကို သွားရောက်ချိန်အ တွင်း ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။
အီရန်သမ္မတနှင့် အီရန်အစိုးရအဖွဲ့ အကြီးတန်းအရာရှိကြီးများသည် အမေရိကန်နိုင်ငံထုတ် Bell 212 အမျိုးအစား ရဟတ်ယာဉ်ဖြင့် လိုက်ပါစီးနင်းချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများထဲတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အဇာဘိုင်ဂျန်ပြည်နယ် အုပ်ချုပ်ရေးမှူးလည်းပါဝင်ခဲ့ကြောင်း သိရသည်။
အီရန်သမ္မတသည် နိုင်ငံအတွင်းရှိ ပြည်နယ်ပေါင်း ၃၀ ကို တစ်နှစ်လျှင်အနည်းဆုံးတစ်ကြိမ် သွားရောက်လည်ပတ်မည်ဟု ကတိပြုထားခဲ့ပြီး အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ကို သွားရောက်စစ်ဆေးချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျခဲ့ကြောင်း သိရသည်။
အဆိုပါရဟတ်ယာဉ်သည် အီရန်-အဇာဘိုင်ဂျန်ပြည်နယ် တောတောင်ထဲသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အီရန်ကယ်ဆယ်ရေးအဖွဲ့များသည် တောအုပ်အတွင်း ပျက်ကျသွားခဲ့သောရဟတ်ယာဉ်ကို ရှာဖွေနိုင်ရန်အတွက် တူရကီနိုင်ငံထုတ် ဒရုန်းများကိုအသုံးပြုကာ ရှာဖွေနေကြောင်း သိ ရသည်။
လက်ရှိအချိန်တွင် ပျက်ကျသွားခဲ့သော ရဟတ်ယာဉ်အပိုင်းအစများကို ပြန်လည်ရှာဖွေတွေ့ရှိထားကြောင်း၊ အသက်ရှင်ကျန်ရစ်သူ တစ်ဦးမှမရှိကြောင်း အီရန်ကြက်ခြေနီအဖွဲ့က ပြောသည်။
အီရန်နိုင်ငံ၏ ဒုတိယသမ္မတ မိုဟမ်မက် မိုခါဘာက အီရန်နိုင်ငံ၏သမ္မတအဖြစ် တာဝန်ယူဖွယ်ရှိနေကြောင်း သိရသည်။
အီရန်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပကာနီး ရက်ပေါင်း ၅၀ အလိုတွင် သမ္မတရိုင်စီသည် ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
ကောင်းထက်ငွေ
aljazeera.com/news
Photo: People pray at the Imam Ali Shrine in Najaf, Iraq, on May 19, 2024 [Alaa Al-Marjani/Reuters]
ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးအပါအဝင် လူပေါင်း ၁၅ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်