ရမ်းဗြဲမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄၀ ကျော်သေဆုံး၊ ၅၀ ကျော်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ ကျောက်နီမော်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ၄၀ ကျော်သေဆုံးခဲ့ပြီး၊ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (ဇန်နဝါရီ ၈ ရက်) နေ့လည် ၁ နာရီကျော်ခန့်က ရမ်းဗြဲမြို့၊ ကျောက်နီမော်ကျေးရွာ၊ ရပ်ကွက်အချို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ၄၀ ကျော်သေဆုံးခဲ့ပြီး၊ ကလေးငယ်အပါအဝင် ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“မနေ့က နေ့လည် ၁ နာရီကျော်လောက်က ကျောက်နီမော်ကို ဗုံးကြဲတာ။ ဒေသခံ ၄၂ ယောက်သေတယ်။ ကလေးငယ်အပါ ၅၆ ယောက်လောက်က ဒဏ်ရာရတယ်။ တစ်ပြည်နယ်လုံးလည်း စစ်ရှောင်နေရတယ်။” ဟု ဒေသခံတစ် ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကျောက်နီမော်မြို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရပ်ကွက်အချို့ရှိ လူနေအိမ် ၅၀၀ နီးပါး ပျက်စီးခဲ့ပြီး၊ ဖုန်းလိုင်းများပါ ပြတ်တောက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် နစကတပ်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပေါ်နေခြင်းကြောင့် တစ်နှစ်အတွင်း အရပ်သားသေဆုံးသူ ကလေးငယ်အပါအဝင် ၇၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅၆၉ ဦးအထိရှိခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-Arakan Princess Media

#ယနေ့ခေတ်

ရမ်းဗြဲမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄၀ ကျော်သေဆုံး၊ ၅၀ ကျော်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.