ရန်ကုန်-လားရှိုး လေယာဉ်ခရီးစဉ်များ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူမှု လက်မခံသေး ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၇

ရန်ကုန်-လားရှိုး လေယာဉ်ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူမည့်သူများအား လက်မခံသေးကြောင်း ပြည်တွင်းလေယာဉ်ခရီးစဉ် လက်မှတ်အရောင်းဌာန များမှ သိရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသအချို့၌ တစ်ကျာ့ပြန် တိုက်ပွဲများကြောင့် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ လားရှိးလေဆိပ်ကို ပိတ်ထားလိုက်ပြီး မည်သည့် ပြည်တွင်းလေ ကြောင်းခရီးစဉ်များမှ အတက်/အဆင်းလုပ်၍ မရတော့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာ လားရှိုးလေယာဉ် ခရီးစဉ်အတွက် ဘိုကင်ကြိုလုပ်ထားတဲ့ လားရှိးခရီးစဉ် လေယာဉ်လက်မှတ်တွေကို ခရီးသည်တွေဆီ ငွေပြန်အမ်းထားပါတယ်။ နောက်ထပ် လည်း ကြိုတင်လက်မှတ်ရောင်းချတာ မရှိသေးပါဘူး။ ဒီလကုန်တော့ လားရှိုးလေဆိပ် ပြန်ဖွင့်ပေးမယ်လို့ ကြားထားပါတယ်။ လေဆိပ်ပြန်ဖွင့်မယ့်ရက်ကိုသိရရင် ကျွန်တော်တို့ ဘက်က ကြေညာပေးပြီး လေယာဉ်လက်မှတ် ပြန်ရောင်းပေးပါမယ်။” ဟု ရန်ကုန်မြို့ရှိ ပြည်တွင်း လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လားရှိးလေဆိပ်အပြင် တရုတ်နိုင်ငံသို့ ပို့ကုန်/သွင်းကုန် ကုန်သွယ်နေသည့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးနှင့် လားရှိုး-ချင်းရွှေဟော် ပြည်ထောင်စုလမ်းမကြီးတို့ကို ပိတ်ထားလိုက်သဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံ ကုန် သွယ်ရေးများ ရပ်ဆိုင်းသွားခဲ့ပြီး မူဆယ်မြို့တွင်လည်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်နေကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ရန်ကုန်-လားရှိုး လေယာဉ်ခရီးစဉ်များ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူမှု လက်မခံသေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.