ရန်ကုန်၊ ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း ၉၀ တွင် ဧပြီ ၂၀ ရက်၊ ညနေ ၅ နာရီက နှစ်ထပ်တိုက်အိမ်တစ်လုံး ရှေ့လသာဆောင်ပြိုကျပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ နှစ်ထပ်တိုက်အိမ်ရဲ့ အရှေ့လသာဆောင်ပြိုကျတာ မှန်ပါတယ်။ တိုက်ဆောက်ထားတဲ့နှစ်ကတော့ ၁၀ နှစ်ကျော်လောက်ပြီထင်ပါတယ်။ အောက်မှာရှိတဲ့ လူတစ်ဦးတော့ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။” ဟု လမ်း ၉၀တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ နှစ်ထပ်တိုက်အိမ်၏ အရှေ့လသာဆောင် ပြိုကျမှုကြောင့် အောက်ထပ်ရှိလူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၀ လမ်းရှိ အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် နှစ်ထပ်တိုက်ပြိုကျမှုကြောင့် အမျိုး သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
ရန်ကုန် လမ်း ၉၀ တွင် နှစ်ထပ်တိုက်အိမ် လသာဆောင်ပြိုကျ လူတစ်ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်