မော်လမြိုင်၊ မေ ၁၄
ရန်ကုန်-မော်လမြိုင်အမြန်လမ်းတွင် ခရီးသည်တင်ယာဥ်လိုင်းအပါအဝင် ကားအစီး ၁၀၀ ကျော် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း မေ ၁၄ ရက်၊ မွန်းလွဲ ၁ နာရီက သိန်းသန်းကျော် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းမှ သိရသည်။
“ ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက်ပိုင်းမှာ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမှာ ကားတွေရာနဲ့ချီပြီး ရပ်တန့်နေရတာပေါ့။ ကားလေးတွေကျတော့ ရွာချင်းဆက်လမ်းတွေကနေ သွားတာတွေရှိတယ်။” ဟု သိန်းသန်းကျော် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကျုံအိတ်တံတား မိုင်းခွဲခံရပြီးနောက် ဖြတ်သန်းသွားလာမရသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မေ ၁၂ ရက်တွင် သွားရောက်ကြည့်ရှုခဲ့ပြီး ဘေလီတံတားအသစ် တည် ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ တံတားကို အမြန်ဆုံးပြင်နိုင်သာ ကုန်စည်စီးဆင်းစီးဆင်းမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းပြတ်တောက်ခြင်းများ ဖြစ်ပေါ်လာပါက ကုန်ဈေးတက်ခြင်းများ ဖြစ်လာနိုင်ကြောင်း ဘီးလင်းမြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကျုံအိတ်တံတားလမ်းပိုင်းသည် မွန်၊ ကရင်နှင့် တနင်္သာရီတို့အပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ခရီးသွားလာရာတွင်အရေးပါပြီး မြဝတီကုန်သွယ်ရေးယာဉ်များ အဓိ ကဖြတ်သန်းနေသော လမ်းတံတားဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – သိန်းသန်းကျော်အဝေးပြေးခရီးသည်တင်ယာဥ်လိုင်း
ရန်ကုန်-မော်လမြိုင်အမြန်လမ်းတွင် ခရီးသည်တင်ယာဥ်အပါအဝင် ကားအစီး ၁၀၀ ကျော် ပိတ်ဆို့နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်