ရန်ကုန်-မော်လမြိုင်လမ်းတွင် ကားများရာချီပိတ်မိနေ

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်- မော်လမြိုင်သို့သွားသည့် ဘီးလင်းလမ်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန်လ ၁ ရက်အထိ ကုန်တင်ကားများအပါအဝင် ကားများရာနှင့်ချီပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

“မစောတံတားနဲ့ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် တံတားဘေးအနီးမှာ မြေဖို့ပြီးလမ်းအဖြစ် ယာဉ်တွေယာယီဖြတ်သန်းအသုံးပြုနေရတာ။ မိုးတွေသည်းထန်စွာရွာနေတာကြောင့် မော်တော်ယာဉ်တွေပိတ်နေတာ။ မနေ့ကတည်းက ကားတွေပိတ်နေတာ။ ရန်ကုန်ကနေ မော်လမြိုင်ဘက်သွားတဲ့ကားတွေ အဓိကပိတ်နေတာ။ ကုန်ကားတွေလည်း မ နည်းပိတ်နေတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပိတ်မိနေသည့်ကားများကို ကျုံအိတ်တံတား၊ မစောတံတားနှင့် မော်လမြိုင်-ဘီးလင်းဂိတ်အဝင်လမ်းများမှ သုံးပိုင်းခွဲပြီး ဖြတ်သန်းခွင့်ပေးနေကြာင်း ဒေသခံလူမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ အထိုက်လျောက်အဆင်ပြေဖို့ အဖွဲ့အစည်းတွေပေါင်းပြီး အပိုင်းလိုက်ခွဲလွှတ်ပေးနေတာ။ အသွားအပြန်ကားတွေကများတော့ ပိတ်နေသေးတာပေါ့။ မိုးဆက်မရွာရင်တော့ အဆင် ပြေသွားမှာပါ။” ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်က ရန်ကုန်-မော်လမြိုင်ကားလမ်း တောင်ကလေးရွာအနီးရှိ မစောတံတားနှင့် မေလ ၁၁ ရက်က ဘီလင်းမြို့အဝင်ရှိ ကျုံအိတ်တံတားတို့ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် မော်လမြိုင်-ဘီးလင်းကားလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပွားနေကြောင်း၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်းဒသခံများထံမှ သိရသည်။

ခန့်ခန့်

Photo – CJ

ယနေ့ခေတ်

ရန်ကုန်-မော်လမြိုင်လမ်းတွင် ကားများရာချီပိတ်မိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.