ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားမတော်တစ်ဆမှုကြောင့် တစ်လအတွင်း သေးဆုံးသူ ၁၃ ဦးရှိ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် တစ်လအတွင်း ကားတိုက်မှု ၁၃ မှုရှိခဲ့ပြီး၊ သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတိုက်မှု ၁၃ မှု၊ သေဆုံးသူ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၃ ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ကားတိုက်မှုဖြစ်စဉ်များနှင့်ပက်သက်၍ ယာဉ်မောင်းများကို ယာဉ်စည်းကမ်းများ စနစ်တကျမောင်းနှင်စေလိုကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်ပြောချင်တာက အမြန်လမ်းဆိုတော့ အမြန်မောင်းချင်ကြတာပဲသိတာ။ ကိုယ့်ရဲ့ကားကိုကိုယ် ကြံ့ခိုင်မှုရှိ၊ မရှိ အရင်စစ်ဆေးပါ။ ခရီးသွားရင် အမြန်လမ်းဆိုတာ မိုင် ၃၀၀ ကျော် ၄၅၀ လောက်ရှိတာ အမြန်လမ်းကိုမောင်းတော့မယ်ဆိုရင်လည်း ကားရဲ့အောက်ပိုင်း တာယာတွေကအစ စစ်ဆေးသင့်တယ်။ စစ်ဆေးမှုမရှိပဲ အမြန်ပဲမောင်းချင်ကြတာပဲသိတယ်။ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး အိပ်ငိုက်ရင်လည်း ကားကအက်စီဒင့်(မတော်တဆ) ဖြစ်တာများတယ်။ အိပ်ငိုက်တော့ ကားစတီယာရင်ကို ဆွဲလှည့်တာတွေကနေ တိုက်တာတွေ အလိုမျိုးတွေကများတယ်ဗျ။ အိပ်ချင်တယ်ဆိုရင် ကားကိုဘေးနာချရပ်ပြီး အိပ်ပါ။ အိပ်ချင်နေရဲ့သားနဲ့ အတင်းဇွတ်မောင်းရင် အိပ်ငိုက်ပြီး ကားတိုက်၊ ကားမှောက်ဖြစ်တော့ အသက်အန္ဓာရာယ်လည်း စိုးရိမ်ရတယ်ပေါ့ဗျ။ ယာဉ်ကြံ့ခိုင်မှုနဲ့ ယာဉ်စည်းကို လိုက်နာမှုလေးနဲ့ လမ်းအနေထားကို ကြည့်ပြီး မောင်းစေချင်ပါတယ်လို့ ပြောချင်ပါတယ်။” ဟု အမြန်လမ်းမီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ တစ်နှစ်တာအတွင်း ယာဉ်တိုက်မှု ၁၀၈ မှုရှိခဲ့ပြီး၊ သေဆုံးသူ ၅၃ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅၈ ဦးရှိခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်၏ ပြောကြားချက်အရ သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-အမြန်လမ်းမီးသတ်

ယနေ့ခေတ်

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားမတော်တစ်ဆမှုကြောင့် တစ်လအတွင်း သေးဆုံးသူ ၁၃ ဦးရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.