ရန်ကုန်-မန္တလေးလမ်း‌ဟောင်းတွင် ကားနှစ်စီးတိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နှင့် ပိန်းဇလုပ်မြိုကြား ရန်ကုန်-မန္တလေးလမ်း‌ဟောင်း၌ စက်တင်ဘာ ၈ ရက်၊ ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် စက်ပျက်၍ရပ်ထားသည့် ၂၂ ဘီးကားအား အရှိန်မထိန်းနိုင်ပဲမောင်းလာသည့် ၁၂ ဘီးကားက အနောက်မှဝင်တိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပိန်းဇလုပ်မြိုးတွင် ရန်ကုန်-မန္တလေးလမ်း‌ဟောင်း အတိုင်းမောင်းနှင်လာသည့် Fuso အဝါရောင် ၁၂ ဘီးကားသည် မိုင်တိုင်အမှတ် ၇၈/၈ နှင့် ၈၀/၀ ကြားအရောက် တွင် အရှိန်မထန်နိုင်ပဲ စက်ပျက်၍ရပ်ထားသည့် Nissan အဖြူရောင်၂၂ ဘီးကားအား အနောက်မှဝင်တိုက်ခဲ့ရာ ယာဉ်မောင်းမှာ သေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၂ ဦးမှာ ကားခေါင်းခန်းတွင် ညပ်နေကြောင်း သိရသည်။

“မနေ့ကယာဉ်မောင်းတစ်ယောက်တော့ ဆုံးသွားတယ်ဗျ။ နောက်လိုက်ကတော့ သိသိချင်ပဲ လူကြီးတွေကစီစဉ်ပြီး ဆေးရုံပို့ပေးထားပါတယ်ဗျ။ အခြေအနေကတော့ ဘာမှန်းမသိ ရသေးပါဘူး။” ဟု ညောင်လေးပင် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်ကိုပြောသည်။

ဒဏ်ရာရှိသူ ၂ ဦးနှင့် သေဆုံသူယာဉ်မောင်အား ညောင်လေးပင် Volunteer လူမှုကူညီရေးအသင်က ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရှိရခဲ့ကြောင်း သိရ သည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- ညောင်လေးပင် မီးသတ်တပ်ဖွဲ့

ရန်ကုန်-မန္တလေးလမ်း‌ဟောင်းတွင် ကားနှစ်စီးတိုက်မှုဖြစ်ပွား တစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.