ရန်ကုန်-ဒလ မြစ်ကူးတံတား ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်မည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၈

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်က စတင်တည်​ဆောက်ခဲ့သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား၊ ရန်ကုန်-ဒလ သံမဏိကြိုးဆိုင်းတံတားကို လာမည့် ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်​ကြောင်း လမ်းတံတား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ရန်ကုန်ဘက်အခြမ်းမှာ ဘုန်းကြီးလမ်းဘက်ကို နှစ်လမ်းသွား တံတားတစ်စင်း၊ ဆူးလေနဲ့ အလုံဘက်ကို တစ်လမ်းမောင်း တံတားတစ်စင်းစီ ထည့်သွင်းတည်ဆောက်ထားပါတယ်။ တံတားကြီးရဲ့ နှစ်ဖက်ချဉ်းကပ်လမ်းနဲ့ ဆင်ခြေလျှော တံတားပိုင်းကို ၂၀၂၃ ခုနှစ်၊ နှစ်အကုန်မှာ အပြီးဆောက်လုပ်မယ်။ လာမယ့် ၂၀၂၄ ခုနှစ်၊ နှစ်အစမှာ ဖွင့်လှစ်သွားပါမယ်။” ဟု လမ်းတံတား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ရန်ကုန်-ဒလ မြစ်ကူးတံတားတွင် လူသွားလမ်း ၄ မီတာ အကျယ်နှစ်ဖက်ပါဝင်မည်ဖြစ်ပြီး၊ တံတား၏ခံနိုင်ဝန်က ၇၅ တန်ရှိမည်ဖြစ်​ကြောင်း သိရသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားကို တန်တစ်သောင်းခွဲရှိ နိုင်ငံတကာကုန်တင်သင်္ဘောများ တံတားအောက်က ဖြတ်သန်းနိုင်အောင် ၄၉ မီတာအမြင့်ဖြင့် တည်ဆောက်ထားပြီး တံတား ကြီး၏ အရှည်အလျားစုစုပေါင်း ၁၈၆၈ မီတာရှိ​ကြောင်း လမ်းတံတား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

#မြင့်မြတ်အောင်မြင်

ဓာတ်ပုံ- လမ်းတံတား​ဆောက်လုပ်​ရေးဝန်ကြီးဌာန

#ယနေ့ခေတ်

ရန်ကုန်-ဒလ မြစ်ကူးတံတား ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.