ရန်ကုန်၊ ဇွန် ၂၀
ရန်ကုန်မြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့သွားမည့် ကားခဈေးနှုန်းမှာ ခရီးသည်တစ်ဦးလျှင်ငွေကျပ် ၁၈၀,၀၀၀ အထိမြင့်တက်နေကြောင်း မြဝတီမြို့ရှိ ဒေသခံယာဉ်မောင်းများထံမှ သိရသည်။
ရန်ကုန်မြို့မှ မြဝတီမြို့သို့သွားရာတွင် အာရှလမ်းပိတ်ထားသည့်အတွက် ဒေါနတောင်လမ်းကို အသုံးပြုနေရခြင်းဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများကြောင့် ဒေါန တောင်လမ်းပျက်စီးနေရာ ခရီးသည်တင်ကားများဖြင့်ပြေးဆွဲခြင်းမရှိဘဲ 4 Wheel ကားများဖြင့်သာ ပြေးဆွဲပေးနေကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ မိုးမရွာခင် လမ်းအခြေနေကကောင်းတော့ ကားတွေအားလုံးသွားရတာ၊ လာရတာအဆင်ပြေတယ်။ အခုရက်ထဲ မိုးအရမ်းရွာတော့ မြဝတီဘက်တက်တဲ့လမ်းတွေ ရွှံ့ဗွတ်ထပြီး အ ကုန်ပျက်စီးကုန်တာ။ အဲဒီလမ်းတွေက အခုခရီးသည်တင်ကားတွေ သွားမရတော့ဘူး။ အခုက 4 Wheel ကားတွေပဲ သွားလို့ရတယ်။ ခရီးသည်ကိုလည်း လေးယောက်၊ ငါးယောက်ပဲတင်တာဖြစ်လို့ ခရီးသည်တစ်ယောက်ကို ကျပ် ၁၈၀,၀၀၀ အထိ ကာခတွေမြင့်တက်နေတယ်။” ဟု ၎င်းကဆက်ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှစတင်ပြီး ယနေ့အချိန်အထိ စစ်ရေးတင်းမာနေမှုများကြောင့် အာရှလမ်းမကြီးကိုအသုံးပြုခွင့် ယာယီပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ – ဒေသခံတစ်ဦးပေးပို့
ယနေ့ခေတ်
ရန်ကုန်မှ မြဝတီသို့ ကားခဈေးနှုန်းများ တစ်ဦးလျှင်ငွေကျပ် ၁၈၀,၀၀၀ အထိမြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်