ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်တစ်ဝန်း မိုးကြီးမည်ဟု မိုး​လေဝသနှင့် ဇလ​ဗေဒ ထုတ်ပြန်

ရန်ကုန်၊ ​မေ ၂၇

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ရန်ကုန်မြို့နယ် အပါအဝင် တိုင်း​ဒေသကြီးနှင့် ပြည်နယ်တစ်ဝန်း မိုးကြီးမည်ဟု မိုး​လေဝသနှင့် ​ဇလ​ဗေဒက ​မေ ၂၇ ရက်၊ ​နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။

“ ဆိုက်ကလုန်းမုန်တိုင်းအရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း ရန်ကုန်မြို့နယ်အပါအဝင် တိုင်း​ဒေသကြီးနဲ့ ပြည်နယ်တစ်ဝန်းမှာ မိုးကြီးမယ်။ ​ရေကြီး​ရေလျှံဖြစ်မယ်။ ကမ်းစပ်နားနေ ထိုင်သူ​တွေ အခြား​နေရာ​ရွှေ့​ပြောင်း​နေထိုင်ဖို့နဲ့ အထူးသတိပြုဖို့ လိုအပ်ပါတယ်။” ဟု မိုး​​လေ​ဝသနှင့် ဇလ​ဗေဒမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေဒေသများကို ဖြတ် ကျော်ပြီး လာမည့် ၁၅ နာရီအတွင်း တစ်ဖြည်းဖြည်း အားလျော့သွားနိုင်​ကြောင်း မိုး​​လေ​ဝသနှင့် ဇလ​ဗေဒ​၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း“ရီမယ်(လ်)”(REMAL)၏ အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်​ကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်​ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)” (REMAL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင် 

ဓာတ်ပုံ – ​မိုး​လေဝသနှင့် ဇလ​ဗေဒ

ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်တစ်ဝန်း မိုးကြီးမည်ဟု မိုး​လေဝသနှင့် ဇလ​ဗေဒ ထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.