ရန်ကုန်မြို့လယ်ရှိ တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ

ရန်ကုန်၊ မတ် ၂၃

မတ်လ ၂၃ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင်ကို အမည်မသိလူလေးဦးက သေနတ်ပြပြီး ရွှေထည်များကို ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ပန်းပဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရချိန်တွင် မည်သူမျှမသိလိုက်ကြောင်း ရပ်ကွက်အ တွင်းနေထိုင်သူများက ပြောသည်။

“ ဘယ်သူမှမသိလိုက်ဘူး။ ပစ္စည်းတွေပါသွားတော့မှ သိတာ။ မနက်ပိုင်းဆိုရင် လူကရှင်းတယ်။ တော်ရုံတန်ရုံဆို ဘယ်သူမှမသိဘူး။ ဟိုတစ်ခါ ၃၂ လမ်းထဲကရွှေဆိုင်ဆိုရင်လည်း မနက်ပိုင်းလုခံရတာ။” ဟု ပန်းပဲတန်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။

မတ်လ ၂၃ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်က ဆိုင်ရှင်အပါအဝင် ဆိုင်ဝန်ထမ်းအမျိုးသမီး ၇ ဦး ဆိုင်အတွင်းအတူရှိနေစဥ် Mask တပ်ထားသည့် အသက်၂၅ နှစ်ခန့်အမျိုးသားလေးဦ ဆိုင်အတွင်းဝင်လာ၍ တစ်ဦးကသေနတ်ဖြင့်ထုတ်ချိန်ပြီး ဆိုင်ရှင်နှင့်ဝန်ထမ်းများကို ကောင်တာနောက်တွင်ထိုင်ခိုင်းထားကာ မှန်ကောင်တာအတွင်းရှိ ရွှေထည်မျိုးစုံ ၂၀ ကျပ်သားကို လုယက်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူအမျိုးသားလေးဦးကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရန် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – ရဲတပ်ဖွဲ့

#ယနေ့ခေတ်

ရန်ကုန်မြို့လယ်ရှိ တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.