ရန်ကုန်မြို့နယ်တွင် သင်္ကြန်ပြီး​နောက် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွား​နေ​သည် ဟုဆို

ရန်ကုန်၊ ဧပြီ ၃၀

ရန်ကုန်တိုင်း​ဒေသကြီးအတွင်း သင်္ကြန်ပြီးပွဲတော်ရက်ပြီးနောက် မြို့နယ်၊ ရပ်ကွက်အလိုက် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွား​နေ​ကြောင်း ​တောင်ဥက္ကာပ​မြိူ့နယ်တွင် ​နေထိုင်သူတစ်ဦးက ​ယ​နေ့​ခေတ်သို့ ​ပြောသည်။

“သင်္ကြန်ကာလပြီး​နောက်ပိုင်းမှာ မီးပျက်ချိန်က ပိုမှန်တယ်။ မီးလာချိန်က ခန့်မှန်းလို့မရဘူး။ လာချင်မှလဲ လာသလို။ မလာချင်လဲ လုံးဝမလာဘူး။” ဟု တောင်ဥက္ကာပ​မြို့နယ်​တွင်နေထိုင်သူတစ်ဦးက ​ယ​နေ့​ခေတ်သို့ ​ပြောသည်။

ယခင်က လျှပ်စစ်မီးကို A/B နှစ်ပိုင်းခွဲထားပြီး တစ်​နေ့လျှင် လေးနာရီခြား အလှည့်ကျစနစ်ဖြင့် မီးပေး​နေ​သော်လည်း လက်ရှိအလှည့်ကျ မီးလာရမည့်ချိန် ခန့်မှန်း၍ပင်မရနိုင်​ကြောင်း သန်လျင်မြို့​နယ်တွင် နေထိုင်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ အရင်က တစ်​​နေ့ကို ​လေးနာရီခြား မီးလာ​​​ပေးတယ်။ အခုက လာချိန်ထက်ပျက်ချိန်က ပိုများ​နေတယ်။ ​လေးနာရီမ​ပြောနဲ့ တစ်​နေ့ တစ်နာရီပုံမှန်လာ​ပေးဖို့​တောင် မနည်းဆု​တောင်း​နေရတယ်။ အခုဆို မီးပျက်ချိန်များလာ​တော့ ဖုန်းအား​တောင်သွင်းဖို့ အ​တော်ခက်ခဲပါတယ်။ သက်ကြီးရွယ်အိုနဲ့ က​လေးသူငယ်​တွေဆို ပူအိုက်လွန်းလို့ ပန်ကာ​တောင်ဖွင့်ချိန်မရ။ အ​တော်​လေးခက်ခဲပါတယ်။” ဟု သန်လျင်မြို့နယ်၌နေထိုင်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဓာတ်အားပေးစက်ရုံများကို ဓာတ်ငွေ့ပို့လွှတ်နေသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်​နေခြင်း​ကြောင့် တစ်ပတ်ခန့်သာ လျှပ်စစ်မီးပြတ်တောက်မည်ဟု အသိပေးထား​သော်လည်း သင်္ကြန်ကာလပြီး၍ ၁၀ ရက်ကျော်အထိ လျှပ်စစ်မီးပြတ်​တောက်ချိန် ပိုမိုများပြားလာ​ကြောင်း သိရသည်။

လက်ရှိ လျှပ်စစ်မီးပြတ်​တောက်ချိန် များလာခြင်း​ကြောင့် ဆိုလာပြားတပ်ဆင်ခြင်းများ အ​ရောင်းသွက်လာ​ကြောင်း ဆိုလာစတား ​ရောင်းဝယ်​ရေးက သိရသည်။


မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

ရန်ကုန်မြို့နယ်တွင် သင်္ကြန်ပြီး​နောက် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွား​နေ​သည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.