ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်တွင် သင်္ကြန်မဏ္ဍပ်များမလုပ်တော့ ဟုဆို

ရန်ကုန်၊ ဧပြီ ၆

နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်၍ သင်္ကြန်ပွဲတော်ကျင်းပမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် လူပေါင်းထောင်ချီသေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် သင်္ကြန်ပွဲတော်ကို တိတ်တဆိတ်သာကျင်းပသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ မြို့တော်ဝန်မဏ္ဍပ်ကတော့ ရေပက်တာဟာရှိမယ်။ ခန်းမကြီးတော့မရှိဘူးပေါ့။ ပြည်သူ့ရင်ပြင်ထဲမှာလည်း ဒီနှစ်မဏ္ဍပ်မလုပ်ဘူး။ အပြင်မှာတော့ ရေဆော့လို့ရအောင် မဏ္ဍပ်အ သေးလေးတွေလုပ်ထားပေးတယ်။ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင်းပသွားပါမယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အင်အားပြင်းငလျင်ဘေးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ပြည်သူအချို့ သေဆုံးထိခိုက် ဒဏ်ရာရနစ်နာဆုံးရှုံးမှုများကို ကြုံတွေ့နေ ရသည့်အတွက် ယခုနှစ်မြန်မာ့ရိုးရာသင်္ကြန်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်အဖြစ် ကျင်းပသွားမည်ဟု နစက ဥက္ကဌက ဆိုသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်တွင် သင်္ကြန်မဏ္ဍပ်များမလုပ်တော့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.