ရန်ကုန်၊ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ နာမည်ကြီးရွှေအရောင်းဆိုင်များက ယခုဇွန် ၁၄ ရက်မှစတင်ပြီး ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ နေ့စဥ်သတ် မှတ်စျေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်းကနေ သတ်မှတ်ပေးတဲ့ရွှေစျေးအတိုင်း ရောင်းချပေးနေပါတယ်။ ရွှေဝယ်ယူသူတွေ စိတ်အေးချမ်းမြေ့စွာ ဝယ်ယူနိုင်ဖို့အတွက် ဆောင်ရွက်ပေးနေပါတယ်။” ဟု ရွှေနန်းတော် စိန်ရွှေရတနာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ နာမည်ကြီး မြန်မာချမ်းသာရွှေဆိုင်၊ ဇွဲထက် စိန်ရွှေရတနာဆိုင်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တာလီစိန်ရွှေရတနာဆိုင်၊ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်၊ မြိုင်မဟာရွှေဆိုင်နှင့် ဦးထုံရွှေဆိုင်တို့တွင် ဇွန် ၁၈ ရက်၊ ညနေ ၄ နာရီထိ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၄,၅၈၈,၂၁၆ ဖြင့် စျေးနှုန်းသတ် မှတ်ထားသည့်အတိုင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ရွှေအရောင်းဆိုင်များ၊ ရွှေလုပ်ငန်းရှင်များအားလုံး ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း(YGEA) ၏ သတ်မှတ်ဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြရန် ထုတ်ပြန်ထားကြောင်း သိရသည်။
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA) ၏ သတ်မှတ်ထားသည့် ရည်ညွှန်းစျေးထက် ပိုမိုရောင်းချပါက ရှောင်တခင်ဝင်ရောက်စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း YGEA က ထုတ်ပြန်ထားကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – YGEA
ရန်ကုန်နှင့် မန္တလေးရှိ နာမည်ကြီးရွှေအရောင်းဆိုင်များတွင် YGEA ၏သတ်မှတ်စျေးအတိုင်း ရောင်းချပေးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်