ရန်ကုန်တွင် လျှပ်စစ်မီးမမှန်သည့်အပြင် ရေပြတ်တောက်မှုများပါကြုံနေရ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ပြီးခဲ့သည့်နိုဝင်ဘာလမှစတင်ကာ ရန်ကုန်မြို့တွင် လျှပ်စစ်မီးဆိုးရွားစွာပြတ်တောက်မှုကို ကြုံတွေ့နေရသည့်အပြင် ရေပြတ်တောက်မှုများပါ ကြုံနေရကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

လျှပ်စစ်မီးသည် သတ်မှတ်ထားသည့်အချိန်ထက် ပိုမိုပြတ်တောက်ခြင်း၊ လျှပ်စစ်မီးမရရှိသည့်အတွက် ဂျိုးဖြူရေပါမရတော့ကြောင်း သိရသည်။

“ မီးမလာတော့ ရေပါမရတော့ဘူး။ မီးပြတ်တာလည်းပြောမနေနဲ့တော့။ ပိုပိုဆိုးလာတယ်။ လာရင်လည်း တစ်နာရီတောင်မပြည့်ဘူး။ အခုဆို ရေက စုပေါင်းစပ်ပေါင်းနဲ့ဝယ်သုံးနေရတယ်။” ဟု တောင်ဥက္ကလာပမြို့တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းရှိ မြို့နယ်အားလုံးအတွက် လျှပ်စစ်မီးဖြန့်ဝေမှုမှာ တစ်ရက်လျှင် ၈ နာရီ မီးဖြတ်တောက်နေခြင်းဖြစ်ပြီး တစ်ကြိမ်လျှင်လေးနာရီစီဖြင့် နှစ်ကြိမ်ဖြတ်ထားခြင်းဖြစ်သည်။

ထို့ပြင် တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု အလွန်လျော့ကျနေသည့်အတွက် ရှေ့လာမည့်လများတွင်လည်း မီးပြတ်ချိန်ပိုများလာမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က သတင်းထုတ်ပြန်ထားသည်။

“ မီးကခဏခဏပြတ်နေတော့ ကုန်ထုတ်လုပ်မှုအပိုင်းမှာ ထိခိုက်မှုရှိတာပေါ့။ စက်မှုဇုန်တွေက တစ်နေ့လေးနာရီပဲ ရတယ်။ စက်သုံးဆီဝယ်သုံးရတယ်။ သူတို့ကလည်း လုပ်ငန်းရှင်တွေကို ညှိပေးထားတာမရှိဘူး။ အပြင်ပေါက်ဈေးအတိုင်း ဝယ်ရတာ။ ဝယ်လက်ကိုလည်း သတ်မှတ်ရက်အတိုင်း အချိန်မီပေးရတာ။ လျှပ်စစ်မီးက ခဏခဏမရဖြစ်နေတော့ အ ဆင်မပြေဘူး။” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက‌ ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်မြို့တွင်ရှိသည့် စက်မှုဇုန်အားလုံးကို တစ်နေ့လေးနာရီသာ လျှပ်စစ်မီးပေးကြောင်း သိရသည်။

#စုစု

ယနေ့ခေတ်

ရန်ကုန်တွင် လျှပ်စစ်မီးမမှန်သည့်အပြင် ရေပြတ်တောက်မှုများပါကြုံနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.