ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးနေ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

သီတင်းကျွတ်ကာလအပြီး အရောင်းအဝယ်သွက်မည်ဟု မျှော်မှန်းထားသည့် ရန်ကုန်ကားဈေးကွက်သည် အရောင်းအဝယ်အေးနေကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိကားဈေးကွက်အခြေအနေသည် အရောင်းအဝယ်ရပ်တန့်မနေသော်လည်း အေးနေခြင်းဖြစ်ကြောင်း၊ သိန်း ၁၀၀၀ ပတ်ချာလည်ကားများသာ အ‌ရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“ အရမ်းကြီးအရောင်းအဝယ်ဖြစ်နေတာမျိုးမဟုတ်ဘူး။ ပုံမှန်လေးတော့သွားတယ်။ ပြောရရင် ဈေးကွက်အေးနေတာပေါ့။ သိန်း ၁၀၀၀ ထက်မြင့်တဲ့ကားတွေက အရောင်းအဝယ်မဖြစ်ဘူး။ ၁၀၀၀ ဝန်းကျင်လောက်ပဲ အရောင်းအဝယ်ဖြစ်နေတာ။” ဟု ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လက်တလော ရန်ကုန်ကားဈေးကွက်တွင် စက်သုံးလောင်စာဆီသုံးကား(ICE)ထက် EV ကားများကို စိတ်ဝင်စားမှု မြင့်တက်နေသလို ဝယ်လိုအားမြင့်တက်နေကြောင်း သိရသည်။

EV ကားများ စတင်တင်သွင်းခွင့်ပြုသည့်အချိန်မှစ၍ လက်ရှိအချိန်အထိ ကားစီးရေ ၅၀၀ဝ ဝန်းကျင်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် EV ကားပေါ်လစီကြေညာချိန်တွင် ပထမဆုံးလိုင်စင်ရ ကုမ္ပဏီ ၉ ခုရှိပြီး နောက်ပိုင်းတွင် တင်သွင်းခွင့်ရ ကုမ္ပဏီပေါင်း ၈၀ ‌ကျော်အထိရှိလာခဲ့ရာ ၎င်းတို့အနက်မှ ကုမ္ပဏီပေါင်း ၃၀ ကျော်သာ အမှန်တကယ်တင်သွင်းနေကြောင်း သိရ သည်။

#စုစု

Photo: mymyancar.com

#ယနေ့ခေတ်

ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.