ရန်ကုန်၊ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းစင်တာအပေါ်ထပ်ရှိ လူနေတိုက်ခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ယနေ့ အောက်တိုဘာ ၁၇ ရက်၊ ည ၆ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်၊ ဆရာစံလမ်းရှိ ရန်ကင်းစင်တာ အပေါ်ထပ်သုံးလွှာရှိ လူနေတိုက်ခန်းတစ်ခန်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ ရန်ကင်းစင်တာအပေါ်ထပ်က လူနေတိုက်ခန်းမှာပါ၊ တိုက်ခန်းက ပြင်နေတုန်းမို့ လူမနေဘူးလို့တော့ကြားတယ်။ ထိခိုက်မှုတွေတော့ မရှိဘူးကြားတယ်။” ဟု ရန်ကင်းမြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။
ထိုမီးလောင်မှုနှင့်ပတ်သက်ပြီး စတင်လောင်ကျွမ်းခဲ့ရသည့် ကနဦးအကြောင်းအရာနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မသိရှိရသေးပေ။
မီးလောင်ကျွမ်းမှုမှာ ည ၇ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – သွေးဒါနလူမှုကူညီရေးအသင်း
ရန်ကင်းစင်တာ အပေါ်ထပ် လူနေတိုက်ခန်း မီးလောင်၊ လူထိခိုက်မှုမရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်