ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌ ဒေါ်ညိုအေး ဖမ်းဆီးခံရ ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၅

ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးသည် ဩဂုတ်လ ၁၅ ရက် (ယနေ့) နေ့လည် ၁၂ နာရီဝန်းကျင်က ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဒေါ်ညိုအေးကို စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ညိုအေးဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်းနှင့် ဩဂုတ်လ ၁၃ ရက်က စစ်တွေမြို့တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ဆန်ပြဿနာနေ့အခမ်းအနားတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း သမီးဖြစ်သူက ဒေသခံသတင်းဌာနများသို့ ပြောကြားသည်။

“ဒေါ်ညိုအေးကို မင်းဂံနေအိမ်မှ အမှတ်(၁)ရဲစခန်းသို့ ခေါ်ယူသွားကြောင်း လတ်တလောသိရပါတယ်” ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက်စာမျက်နှာထက်တွင် ရေးသားထားခဲ့သည်။

ရခိုင်အမျိုးသမီးများကွန်ရက်၏ဥက္ကဌ ဒေါ်ညိုအေး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

လင်းခေါင်

Photo: Arakan Yoma (ပုံဟောင်း)

#ယနေ့ခေတ်

ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌ ဒေါ်ညိုအေး ဖမ်းဆီးခံရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.