ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ပန်းတောပြင်ကျေးရွာ ချောင်းကူးတံတာပေါ်မှ ပြုတ်ကျ၍ သားအမိနှစ်ဦး ရေနစ်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆

ယမန်နေ့ စက်တင်ဘာ ၅ ရက်က ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တော မြို့၌ နေ့လည် ၂ နာရီခန့်တွင် ပန်းတောပြင်ကျေးရွာအဝင် ချောင်းကူးတံတား ဖြတ်ကူးရာမှ သား အမိနှစ်ဦးရေနစ်သေဆုံးကြောင်း သိရသည်။

ထိုဖြစ်စဉ်တွင် မောင်တောချောင်းကူးတံတား ဖြတ်ကူးရာမှ ချောင်းရေနှင့် မြောပါသွားသည့်သားကို လိုက်လံဆယ်ယူရာမှ မိခင်ဖြစ်သူပါ ရေနစ်မြုတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ပန်တောပြင်ကျေးရွာအဝင်မှာ ချောင်းကူးတံတားရှိတယ်။ တံတားပေါ်ကို သားအမိသုံးယောက် ဖြတ်အကူးမှာ ၅ နှစ်ကလေးကပြုတ်ကျတာ။ အမေဖြစ်သူက ရေထဲခုန်ချပြီး လိုက် ကယ်တယ်။ ဖြစ်ချင်တော့ အမေကရေမကူတက်ဘူး။ အမေပါရေနစ်ပြီးဆုံးသွားတာ။ ကျွန်တော်တို့အဖွဲ့ လိုက်ရှာတဲ့အချိန်မှာ အမေကို အရင်တွေ့တယ်။ သားဖြစ်သူကို နောက်မှ တွေ့တာ။ အကြီးကောင်လေးကတော့ တံတားပေါ်ကျန်ခဲ့တယ်။” ဟု ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဂရုဏာကွန်ရက် ပရဟိတအသင်းဖွဲ့မှ‌ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မောင်တောခရိုင် မီးသတ်စခန်းနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက လိုက်လံရှာဖွေခဲ့ရာ ညနေ ၄ နာရီ မီနစ် ၃၀ တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဂရုဏာကွန်ရက် ပရဟိတအသင်းမှ‌ မောင် တောပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- ဂရုဏာကွန်ရက် ပရဟိတအသင်း

#ယနေ့ခေတ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ပန်းတောပြင်ကျေးရွာ ချောင်းကူးတံတာပေါ်မှ ပြုတ်ကျ၍ သားအမိနှစ်ဦး ရေနစ်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.