ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ဆက်သွယ်​ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ်ရှိ ​​ဒေသအချို့တွင် နှစ်ဘက်တိုက်ပွဲများ​ကြောင့် ယခုနိုဝင်ဘာ ဒုတိယအပတ်မှစတင်ပြီး ဆက်သွယ်​ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံလာရ ကြောင်း ​စစ်​တွေမြို့နယ် စာ​ရေးဆရာမတစ်ဦးက ယ​နေ့​​ခေတ်သို့ ​ပြောသည်။

“ စစ်​တွေမြို့နယ်အပါအဝင် အချို့​​မြို့နယ်များလိုလို ဆက်သွယ်​ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံနေရပါတယ်။ အထူးသဖြင့် မြောက်ပိုင်းမြို့နယ်များမှာ အဓိက ဖြတ်တောက်ခံနေရပါတယ်။ အိုရီဒူးနဲ့ တယ်လီနော (Atom) ဖုန်းလိုင်းတွေ ဖြတ်တောက်ခံလာရတယ်။ မိုင်တဲလ်နဲ့ အမ်ပီတီကတော့ ပုံမှန်အတိုင်းအလုပ်လုပ်တယ်။ အခုလည်း တယ်လီနော မရပြန်ဘူး။ တိုင်တွေပျောက်နေတယ်။” ဟု စစ်​တွေမြို့နယ်မှ စာ​ရေးဆရာမတစ်ဦးက ယ​နေ့​​ခေတ်သို့ ​ပြောသည်။

စစ်​တွေမြို့နယ်၊ ​ကျောက်ဖြူမြို့နယ်အပါအဝင် ​​နေရာ​ဒေသအချို့တွင် ကျန်းမာ​ရေး၊ လူမှု​ရေး၊ အ​ရေး​ပေါ် စစ်​ဘေး​ရှောင်​ရေးတို့အတွက် ဆက်သွယ်​ရေးဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်မှု​ကြောင့် အခက်အခဲများဖြစ်​ပေါ်​နေ​ကြောင်း ​ဒေသခံများ၏ ​ပြောဆိုချက်အရ သိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ ​ပေါက်​တောမြို့နယ်တွင် နှစ်ဘက်တိုက်ပွဲများ​ကြောင့် လူပေါင်းသောင်းနှင့်ချီ ထွက်ပြေးတိမ်း​ရှောင်​နေရပြီး၊ လျှပ်စစ်မီး၊ ဆက်သွယ်​ရေးဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများလည်း ဖြတ်​တောက်ခံထားရ​ကြောင်း ​ဒေသခံများက ​ပြောသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ဆက်သွယ်​ရေးဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.