ရခိုင်ပြည်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ကျောင်းသား၊ ကျောင်းသူများစာသင်ရန် အခက်အခဲများရှိနေ ဟုဆို

ရန်ကုန်၊ ဇွန် ၃

ရခိုင်ပြည်အတွင်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စာသင်ကျောင်းများနှင့် အဆောက်အဦးများပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်း သား၊ ကျောင်းသူများ ကျောင်တက်ရန်အခက်ခဲများရှိနေကြောင်း ဒေသခံတစ်ဦးမှ သိရသည်။

၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် စာသင်ကျောင်းများနှင့် အဆောက်အဦးများပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ ပြိုကျပျက်စီးကာ ဒေသအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရန်အခက်အခဲများရှိနေကြောင်း သိရသည်။

“ကျောင်းတွေကတော့ မတက်ရဘူး။ ပေါက်တောအပါအဝင် ရခိုင်တစ်ပြည်လုံးလိုလိုလည်း ပြောလိုရတယ် ကျောင်းတက်လို့မရတာက။ ထိန်းချုပ်ထားတဲ့နေရာ အနည်းအကျဉ်းပါ ပဲ။ ဝန်ထမ်းတွေကလည်း နားနေတာရတာပေါ့။ တချို့ကလည်း လက်နက်တွေထိမှာ စိုးတာရယ်။ မထွက်ရဲတော့ဘူး။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရခိုင်ပြည်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ကျောင်းများဖွင့်လှစ်ထားခြင်းမရှိ၍ အခကြေးငွေနှင့် သင်းကြားပေသည့် စာသင်ဝိုင်းအချို့တွင် စာသင်ရန် ငွေကြေးအခက်အခဲများရှိနေကြောင်း ဒေသခံတစ်ဦးမှ သိရသည်။

“ကျောင်းဖွင့်ရင် ကျောင်းတက်ချင်ကြတဲ့ သူတွေရှိကြတာပေါ့ဗျာ။ ကျောင်းတွေကမဖွင့်ဘူးလေ။ အရပ်ထဲမှာ ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေက မြို့ပေါ်ကိုသွားပြီး ကျောင်းဆက်မတက်နိုင်တော့ ဒီကကျောင်းသားလေးတွေကို အခကြေးငွေလေးယူပြီး စာပြန်သင်ပေးရတယ်။ အဲ့ဒါတောင် မထားနိုင်တဲ့သူတွေကအများကြီးပဲ။ မိုးတွင်းဆိုတော့ပိုကောင်းပိုဆိုးတာပေါ့ အလုပ်အကိုင်ကမကောင်းနဲ့။ ဒီဘက်ကလည်း နေ့တိုင်း၊ ညတိုင်းကိုအသံတွေကြားနေရတယ်။ တစ်ခါတစ်လေလည်း လက်နက်ကြီးကျည်တွေကကျလာတယ်။ အဆင် ပြေမနေပါဘူး။ ဒီတစ်မိုးတော့ ဘယ်လိုတွေကျော်ဖြတ်ရမယ်မသိတော့ဘူး။” ဟု စစ်ဘေးရှောင်နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရခိုင်ပြည်အတွင်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းမှာ ရှစ်လကြာရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်ရှိကြောင်းသိရသည်။

မြန်မာပြည်တဝန်း တိုက်ပွဲဖြစ်ပွားရာဒေသများတွင်မူ ကျောင်းအပ်နှံခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောင်းနေအရွယ်ကလေးငယ် သိန်းချီ၍ရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- MOI

ယနေ့ခေတ်

ရခိုင်ပြည်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ကျောင်းသား၊ ကျောင်းသူများစာသင်ရန် အခက်အခဲများရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.