ယွန်ဆက်ယိုလ်ကို သမ္မတရာထူးမှဆိုင်းငံ့ခြင်းမပြုပါက နိုင်ငံအတွက်အလွန်အန္တရာယ်ကြီးကြောင်း အာဏာရပါတီ သတိပေး

ဆိုးလ်၊ ဒီဇင်ဘာ ၆

သမ္မတယွန်ဆက်ယိုလ်၏ မိခင်ပါတီဖြစ်သလို၊ တောင်ကိုရီးယားအာဏာရပါတီဖြစ်သော ပြည်သူအာဏာပါတီက ယွန်ဆက်ယိုလ်ကို သမ္မတအဖြစ်ဆိုင်းငံ့ခြင်းမပြုပါက နိုင်ငံအ တွက် အလွန်အန္တရာယ်ကြီးကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

တောင်ကိုရီးယား အာဏာရပါတီသည် သမ္မတယွန်ဆက်ယိုလ်ကို လွတ်တော်အတွင်း စွပ်စွဲပြစ်တင်ရန် အတိုက်ခံပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များက ကြိုးပမ်းနေချိန်တွင် ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

တောင်ကိုရီးယားမီဒီယာများက အာဏာရပါတီသည် ၎င်းတို့ပါတီ၏သမ္မတဖြစ်သော ယွန်ဆက်ယိုလ်ကို စွပ်စွဲပြစ်တင်မည့် အတိုက်ခံပါတီများ၏ ကြိုးပမ်းမှုများကို ခုခံဆန့်ကျင့်ရန် ယခင်ကစီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင် အတိုက်ခံပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဖွယ်ရှိနေသည်ဟု တောင်ကိုရီးယားမီဒီယာများက ဖော်ပြထားသည်။

တောင်ကိုရီးယား အာဏာရပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်က “ ယွန်ဆက်ယိုလ်ကို တောင်ကိုရီးယားသမ္မတအ ဖြစ် ဆက်ထားမယ်ဆိုရင် စစ်အုပ်ချုပ်ရေးဥပဒေ ထပ်မံကြေညာမယ့်အလားလာတွေရှိနေပြီး နိုင်ငံအတွက် အလွန် အန္တရာယ်ရှိတဲ့အခြေနေမျိုးရှိနေတယ်။” ဟု ပါတီထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ထုတ်ဖော်ပြော ဆိုခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယား အတိုက်ခံပါတီအမတ်များသည် ဒီဇင်ဘာ ၇ ရက်နေ့တွင် ယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မည်ဖြစ်ကြောင်း သိရသည်။

ယွန်ဆက်ယိုလ်သည် ဒီဇင်ဘာ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်မှုနှင့်အတူ  အာဏာရပါတီ ထိပ်သီးခေါင်းဆောင်များ၊ အတိုက်ခံပါတီခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကိုဖမ်းဆီးရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

ယွန်ဆက်ယိုလ်သည် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ရာတွင် ၎င်း၏မိခင်ပါတီဖြစ်သော ပြည်သူအာဏာပါတီခေါင်းဆောင်များနှင့်လည်း တိုင်ပင်ဆွေးနွေးခြင်းမရှိခဲ့ရာ ၎င်း၏လုပ် ရပ်ကို အာဏာရပါတီခေါင်းဆောင်များလည်း အံအားသင့်ခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယွန်ဆက်ယိုလ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း၊ ပြည်ထဲရေးဝန်ကြီးတို့ကို တောင်ကိုရီးယားရဲတပ်ဖွဲ့အပြင် တောင်ကိုရီးယားရှေ့နေချုပ်ရုံးက နိုင်ငံတော်သစ္စာဖောက်မှုများအတွက် သီးခြားစုံစမ်းစစ်ဆေးရန် စီစဉ်နေကြောင်း သိရသည်။

ကောင်းထက်ငွေ

theguardian.com

ယွန်ဆက်ယိုလ်ကို သမ္မတရာထူးမှဆိုင်းငံ့ခြင်းမပြုပါက နိုင်ငံအတွက်အလွန်အန္တရာယ်ကြီးကြောင်း အာဏာရပါတီ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.