ထိုင်ဝမ်၊ ဇွန် ၂၂
တရုတ်နိုင်ငံနှင့် တင်းမာမှုများရှိနေချိန်တွင် ထိုင်ဝမ်ဒုတိယသမ္မတက ၎င်းတို့အနေဖြင့် ဖြစ်လာနိုင်ဖွယ်ရှိနေသော တိုက်ပွဲများအတွက် ယူကရိန်းနိုင်ငံ၏ တိုက်ခိုက်ရေးနည်းစနစ်များကို လေ့လာသင်ယူသွားရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်ဝမ်တွင် သမ္မတအသစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက်ပိုင်း ထိုင်ဝမ်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများပိုမိုဖြစ်လာနေရာ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းနားတွင် စစ်ရေးခြိမ်း ခြောက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ထိုင်ဝမ်ဒုတိယသမ္မတက “ ကျွန်မတို့ဟာ ယူကရိန်းရဲ့ကာကွယ်ရေးနည်းစနစ်တွေကို လေ့လာနေတယ်။ ယူကရိန်းဟာ တပ်ဖွဲ့ဝင်အရေအတွက်နည်းပါးပေမယ့် သွက်သွက်လက်လက်တိုက်ခိုက်နိုင်ခဲ့တယ်။” ဟု ပြောသည်။
ထိုင်ဝမ်အနေဖြင့် စစ်ရေးနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး စစ်တပ်၏ အမိန့်ပေးညွှန်ကြားမှုစနစ်ပုံစံများကို အပြောင်းအလဲလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စစ်တပ်၏ အမိန့်ပေးညွန်ကြားမှုစနစ်များတွင် ဗဟိုမှညွန်ကြားမှုများကို လျော့ချရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ထိုင်ဝမ်စစ်တပ်အပြင် ထိုင်ဝမ်ပြည်သူများ၏ ခုခံကာကွယ်မှုပုံစံများ ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထိုင်ဝမ်ဒုတိယသမ္မတက ပြောသည်။
တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို ၂၀၂၇ ခုနှစ်တွင် အင်အားသုံးသိမ်းပိုက်ရန် အဆင့်သင့်ဖြစ်နေမည်ဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများက ပြောသည်။
ကောင်းထက်ငွေ
yahoo.com
ယူကရိန်း၏တိုက်ခိုက်ရေးနည်းစနစ်များကို လေ့လာသင်ယူရမည်ဖြစ်ကြောင်း ထိုင်ဝမ်ဒုတိယသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်