ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို အမေရိကန်ဒေါ်လာ ၉၅ ဘီလျံကူညီပေးမည့် ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော် ထပ်မံခွင့်ပြု

ဝါရှင်တန်၊ ဧပြီ ၂၅

အမေရိကန်အထက်လွှတ်တော်သည် ထိုင်ဝမ်၊ အစ္စရေးနှင့် ယူကရိန်းနိုင်ငံတို့ကို အမေရိကန်ဒေါ်လာ ၉၅ ဘီလျံ စစ်ရေးအကူညီပေးမည့် ဥပဒေမူကြမ်းအား ဧပြီ ၂၄ ရက်နေ့တွင်မဲခွဲဆုံးဖြတ်ကာ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

အမေရိကန်အောက်လွှတ်တော်သည် ဧပြီ ၂၀ ရက်နေ့တွင် ထိုင်ဝမ်၊ အစ္စရေးနှင့် ယူကရိန်းနိုင်ငံတို့ကို စစ်ရေးအကူညီပေးမည့် ဥပဒေမူကြမ်းကို ခွင့်ပြုခဲ့ပြီးနောက် အထက်လွှတ် တော်က ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်သည် ယူကရိန်းကို စစ်ရေးအကူညီပေးမည့်အစီအစဉ်ကို ကာလအတန်ကြာ ကန့်ကွက်ခဲ့ပြီးနောက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေမူကြမ်းထဲတွင် ယူကရိန်းကို အမေရိကန်ဒေါ်လာဘီလျံ ၆၀ ကျော်၊ ထိုင်ဝမ်နှင့် အခြားအင်ဒို-ပစီဖိတ်ဒေသနိုင်ငံများကို အမေရိကန်ဒေါ်လာ ၈ ဘီလျံနှင့် အစ္စရေးနိုင်ငံကို အမေရိကန်ဒေါ်လာဘီလျံ ၂၀ ကျော် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်အထက်လွှတ်တော်သည် ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို စစ်ရေးအကူညီပေးမည့် ဥပဒေမူကြမ်းကို ဧပြီ ၂၃ ရက်နေ့တွင် လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာထောက်ခံမဲ ၇၉ မဲ နှင့် ကန့်ကွက်မဲ ၁၈ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အကူညီပေးမည့်ဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်စလုံးမှ ခွင့်ပြုလိုက်ခြင်းကြောင့် ယူကရိန်းကို စစ်ရေးအကူညီ အလျင်မြန်ပေးနိုင်ရန်အတွက် ဥပဒေမူကြမ်းကို အလျင်မြန်လက်မှတ်ရေးထိုးသွားမည်ဟု ပြောသည်။

ယူကရိန်းကို အကူညီပေးနိုင်ရန်အတွက် အမေရိကန်အစိုးရက ကြိုးပမ်းခဲ့သော်လည်း အဆိုပါဥပဒေမူကြမ်းကို အောက်လွှတ်တော်က ကန့်ကွက်နေခြင်းကြောင့် လအတန်ကြာနှောင့်နေးခဲ့ရကြောင်း သိရသည်။

ကောင်းထက်ငွေ

abcnews.go.com

ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို အမေရိကန်ဒေါ်လာ ၉၅ ဘီလျံကူညီပေးမည့် ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော် ထပ်မံခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.